Part-40

1K 99 0
                                    

ရှုပ်သွားရင် တောင်းပန်ပါတယ်အသဲတို့။ ခုအပိုင်း ရွာကိုစရောက်တဲ့ညနေကနဲ့ ရွာရောက်ပြီးနှစ်ရက်အတွင်း ဦးဆန်းနိုင်ရဲ့ဘက်ကရေးထားတဲ့ အပိုင်းဖြစ်ပါတယ်နော်။ ရှုပ်သွားရင် ဘွတေးပါ။

#########

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၄၀(လင်းချိုတို့အဖွဲ့ ရွာကိုစရောက်တဲ့ည)

ဦးဆန်းနိုင် ညရောက်တော့လည်း လွယ်လွယ်နဲ့အိပ်မပျော်ပါ။ လူးလွန့်မနေပေမယ့် ငြိမ်သက်ကာလှဲနေမိသည်။ အတွေးတို့က ဟိုရောက်ဒီရောက်လိုက်နဲ့ ပြေးလွှားနေသည်။
ထိုကလေးဟာ ကိုကိုရဲ့သားမောင်လေးဖြစ်နိုင်သည်။ မဟုတ်ဘူးသားမောင်မှသားမောင်အစစ်ဖြစ်သည်။ မျက်လုံးနှာခေါင်းကအစ ကိုကိုနဲ့တူနေသည်။ ထိုအရာကအရေးမကြီးပါ။အရေးကြီးတာက သားလင်းချိုနဲ့ပတ်သတ်နေတာဖြစ်သည်။ ဘယ်ကနေဘယ်လို ပတ်သတ်လာကြတာလဲမသိပါ။

ဘယ်လိုပဲပတ်သတ်ပတ်သတ် တစ်ချိန်မှာတော့ ကိုကိုနဲ့မိမိပြန်ဆုံရအုန်းမည်ဖြစ်သည်။ ကိုကိုကမိမိကို သိသွားခဲ့ရင် ဘာများလုပ်မလဲ။ အရီးဘွင့်တို့ဦးလေးဘမောင်တို့သိသွားရင်ကော အရင်ကလိုမိမိကို အဝေးပို့ပြစ်မလား၊ ဒါမှမဟုတ် သားလေးကိုများတစ်ခုခုလုပ်ကြမလား။ သားနဲ့သားမောင်က သွေးရိုးသားရိုးခင်ကြတာလား။ သာမာန်ခင်မင်မူ့ထက် ပိုနေခဲ့ရင် သားလင်းချိုကို ဒေါ်ဘွင့်တို့က ဒီတိုင်းထားပေါ့မလား။ မိမိကိုလုပ်သလိုလုပ်ရင်ဖြင့် ရင်ကျိုးရချည်ရဲ့၊ မိမိကကံကောင်းခဲ့လို့ အသက်ရှင်ခဲ့ပေမယ့် သားကကောကံကောင်းနိုင်ပေါ့မလား။

ဦးဆန်းနိုင် ပူပန်မူ့တွေနဲ့ရောထွေးကာ လွယ်လွယ်အိပ်စက်မရပဲ ရင်အတွင်းဝယ် ပူလောင်နေရတော့သည်။ သားအရင်းမဟုတ်ပေမယ့် ဒီကလေးအတွက်အရာရာနဲ့လဲနိုင်သည်။ ဒီကလေးအတွက် သိပ်တွေ့ချင်လွန်းတဲ့လူကိုတောင် နှစ်ပေါင်းများစွာ သည်းခံပြီး သွားမတွေ့ခဲ့ပါ။ ပြန်တွေ့ချင်ပေမယ့်၊ မသေခင်တစ်ခါလောက်မြင်လိုက်ချင်ပေမယ့်၊ သားကိုသာထိခိုက်စေမယ်ဆိုရင် သေရင်တောင်သွားမတွေ့ဘူးလို့ ဦးဆန်းနိုင်ဆုံးဖြတ်ထားသည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now