Part-35

1K 105 6
                                    

သိပ်မကြာခင်အပိုင်း၄၀ကေျာ်ပါတော့မယ်။ ဇာတ်သိမ်းဖို့ နီးကပ်လာပြီပေါ့ဗျာ။ အရာအားလုံးဖြေရှင်းပြီးသွားရင် ဇာတ်သိမ်းပါပြီ။ အားလုံးထဲကနောက်ဆုံး ဝုက်ထားတဲ့အရာကတော့ ဆန်းလင်းချိုရဲ့အဖေအရင်းဖြစ်ပြီး၊ သူ့အမေကဘာလို့ကလေးကိုကောသူ့ကိုယ်သူကော သတ်သေချင်နေတာလဲ။ ဘာကြောင့်အသဲတွေကဲဲပြီး အလျော့ပေးချင်နေတာလဲ။ အဲ့လူကို သူမအရမ်းချစ်တာပဲလား။

##############

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၃၅

ဆန်းလင်းချို မနေ့ညက ကိစ္စကိုတွေးကာရင်တွေခုန်ရသည်။ ပြီးနောက်သူ့ကိုလည်း သနားမိသည်။ မိသားစုပြသာနာမို့ မမေးမိပေမယ့် သူဘယ်လောက်နာကျင်နေမလဲ သိချင်မိသည်။ မိမိသိသည် မနေ့ညက သူမငိုပေမယ့် သူ့မျက်ဝန်းအိမ်မှာ နာကျင်မူ့တွေအရမ်းများနေတယ်ဆို မြင်နေရသည်။ ထိုနေ့ညက သူမိမိပုခုံးပေါ်မှာမှီပြီး အချိန်အကြာကြီးမှေးစက်သွားသည်။ သူ့ကိုကောင်းစွာ မနှစ်သိမ့်နိုင်ပေမယ့် သူ့ဘေးနားရှိပေးနိုင်ခဲ့တယ် ဆိုတာနဲ့တင် လင်းချိုကျေနပ်နေမိခဲ့သည်။

မနေ့ညက သူမပြန်ခင်မိမိအားပြောလာသည်။ သူခရီးထွက်ချင်တယ်ဆိုတဲ့ အကြောင်းဖြစ်သည်။ သူသိပ်ကိုမွန်းကျပ်နေတာကြောင့် စိတ်ဖြေချင်သည်လို့ ပြောလာသည်။ လင်းချိုတို့ဆိုင်က လင်းချိုတို့ရွာကိုခရီးထွက်ဖို့ရှိနေသည်။ ထို့ကြောင့်သူ့အားရွာကို လိုက်ခဲ့ဖို့အကြံပေးမိသည်။ သူ့ကတော့ အားတတ်စွာ လိုက်မည်လို့ပြောလာသည်။ မနေ့ကညက ၁၀နါရီလောက်မှ သူပြန်သွားသည်။ မပြန်ခင် မိမိပါးပြင်အား နမ်းသွားသေးသည်။ မနေ့ကညက အဖြစ်အပျက်တို့သည် လင်းချိုအားအိပ်မပျော်နိုင်အောင် တစ်ညလုံးပျော်ရသည့် ညဖြစ်သည်။

ဒီနေ့မနက် ဖေဖေကိုမြို့ထဲကိုလိုက်ပို့ပေးမိသည်။ မဟာဗန္ဓလပန်းခြံ၊ ပြည်သူ့ရင်ပြင်၊သခင်မြပန်းခြံ၊ ရန်ကုန်ဆိပ်ကမ်းနှင့် မြို့ထဲကတရုတ်တန်းတို့ကို လိုက်ပို့ပေးလိုက်သည်။ ဖေဖေအလစ်မှာ သူဖုန်းခေါ်တိုင်း ဖုန်းကိုင်မိသည်။သူကတော့ဘယ်လောက်လွမ်းကြောင်းတွေက သီကုံးပြောသွားသည်။ ထိုအခြေအနေအရ သူစိတ်အခြေအနေအဆင်ပြေနေပြီဆိုတာ သိလိုက်ရသည်။မနေ့ညကဘယ်မှာအိပ်လည်း အိမ်ပြန်ပြီးအိပ်လားလို့ မေးမိတော့၊ ပြန်မအိပ်ဘူးပြောလာသည်။ မိမိကအိမ်ပြန်မအိပ်လို့ ဆူမိတော့ သူဘက်ကတိတ်ဆိတ်သွားပြန်သည်။ သူကိုအတတ်နိုင်ဆုံး သူ့အိမ်အကြောင်းတစ်ခွန်းမှ မဟဖို့သတိထားလိုက်မိသည်။ဘယ်မှာအိပ်လည်းမေးတော့ သူကိုယ်ပိုင်တိုက်ခန်းတစ်ခုရှိပြီး အဲ့တိုက်ခန်းမှာ အိပ်တယ်လို့ပြောလာလေသည်။ ထိုအခါမှ လင်းချိုစိတ်သက်သာရာ ရသွားတော့သည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now