Part-12

1.6K 160 11
                                    

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၁၂

၂၀၀၀ ခုနှစ်(သစ်မောင်)

သစ်မောင် အမာအတွက် သုံးရက်လုံးမနားမနေလိုက်လုပ်ပေးနေရသည်။ သဂြိုလ်ပြီး ပြာကိုဂူသွင်းပေးကိစ္စကအစ မျှတမ်းဝေဖို့ဘုန်းကြီးပင့်တဲ့ အထိပါသစ်မောင် ကိုယ်တိုင်ကိုယ်ကျလိုက်လုပ်ပေးနေမိသည်။ အမှန်တိုင်းဆိုရင် သစ်မောင် အမာကို ခုထိနည်းနည်းလေးတောင် မချစ်ပါ။ သို့သော် သနားမိသည်၊ အားလည်းနာမိသည်၊ ပြီးတော့ ကမ္ဘာမှာအချစ်ရဆုံးသော သားနဲ့သမီးကို လူလောကထဲ ပို့ဆောင်ပေးခဲ့ သူဖြစ်တာကြောင့် အမာရဲ့နောက်ဆုံးခရီးကို သစ်မောင်ကိုယ်တိုင်ကိုယ်ကျ အသေးစိတ်လုပ်ပေးချင်သည်။

ခုချိန်မှ အမာအားတောင်းပန်ရင် အရှက်မဲ့ရာ​ကြမည်။ ပြီးနောက် ကိုယ်တိုင်လည်း တောင်းပန်ချင်စိတ်မရှိပါ။ ဒါကြောင့် ဆယ်ဘဝရောက်တဲ့အထိ ခွင့်မလွှတ်ဖို့ပဲ ဆုတောင်းမိသည်။ သားနဲ့သမီးကတော့ဘသူအမေဆုံးတာသိတုံးက တစ်နာရီ​လောက် အော်ဟစ်ငိုယိုကျပေမယ့်လည်း ကလေးဆိုတာက လူကြီးတွေလို ပူဆွေးမူ့သော်ကကင်းသူတွေလေးတွေပီပီ မောင်နှမနှစ်ယောက် ကစားလိုက်အစားစားလိုက်ပြန်ဖြစ်သွားကျသည်။ မနက်နိုးလာရင်တေည့ အမေကိုမေးပြီး အမေဆုံးတာသိကျတေည့ မျက်နာလေးတွေ ညိုးကျသွားပြန်သည်။ အမာနဲ့မွေးကတည်းခုထိ အတူအိပ်အတူအချိန်ကုန်တာ နည်းတာကြောင့်လည်းပါမည်။ သားနဲ့သမီးကအမာကို အရမ်းတော့မခင်တွာ်ပေမယ့် မိခင်တစ်ယောက်အဖြစ်တော့ သိထား​ကြ​​ပြီး ဝမ်းနည်းတတ်​ကြသည်။

သစ်မောင်မနက်အတွက် အမျှအတမ်းဝေဖို့ ဘုန်းကြီးကျောင်းမှာ စီစဥ်ထားခဲ့သည်။ လာတုံးကတော့အမာအဖေပါပေမယ့် အပြင်သွားစရာရှိလို့ ဆိုပြီးထွက်သွားတာ ခုထိပြန်မလာသေးပါ။ သစ်မောင်စောင့်နေတာကြာပြီမို့ အမာအဖေကိုဖုန်းခေါ်လိုက်တော့ ပြန်နှင့်လို့ပြောလာသည်။ သစ်မောင်မြွေမြွေချင်းခြေမြင်တယ်လို့ ဆိုရမလား အမာအဖေရဲ့ အမူအယာတို့ကို အကဲခတ်မိသလောက်မရိုးဘူးဆိုတာသိသည်။ သို့သော်သစ်မောင် အမာလည်းဆုံးပြီဆိုတော့ ကိုယ်နဲ့မဆိုင်တာမို့ ဝင်မပြောဖို့ ဆုံးဖြတ်လိုက်သည်။ အမာအမေကြီးကိုတော့ သစ်မောင်သနားမိသည်။ အမာအမေအတွက် အမာရှိတုံးကလို လတိုင်းထောက်ပံဖို့ ဆုံးဖြတ်ထားမိသည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now