Part-36

1K 96 4
                                    

မင်းသာကျဆိုတဲ့ ရွာလေးအကြောင်းကို နှစ်ပိုင်းသုံးပိုင်းပဲ ပါတယ်ဆိုပေမယ့် သေချာဖော်ပြပေးသွားပညမယ်အသဲတို့။ ကိုဗစ်ပြီးရင် မကွေးတိုင်းဒေသကြီးကို သွားလည်ဖြစ်ရင် လင်းချိုလေးရဲ့မွေးရပ်မြေကို ဝင်လည်ခဲ့ကြပါအုံးနော်။😍😍😍😘😘😘

ဒါက ficလေးအတွက် လုပ်ထားတဲ့ပုံလေးပါ။ ညီမလေးလေပြေက လုပ်ပေးထားတာပါဗျ။

ဒါက ficလေးအတွက် လုပ်ထားတဲ့ပုံလေးပါ။ ညီမလေးလေပြေက လုပ်ပေးထားတာပါဗျ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

#######

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၃၆

ဆန်းလင်းချိုတို့အုပ်စု အကို့ရဲ့ကားနဲ့လိုက်လာခဲ့ကြသည်။ ကားကသိပ်မကြီးသလို အရမ်းလည်းမသေးပါ။ အကိုရယ်မိမိရယ်ကအရှေ့ခေါင်းခန်းမှာ ထိုင်ပြီးဖေဖေရယ်အစ်မစင်ဒီရယ် ၊ကိုမင်းသန့်နဲ့ကောင်းကောင်းရယ်က နောက်မှာလေးယောက်ထိုင်ကြသည်။ လေးယောက်ဆိုတော့ကျပ်လို့ဆိုပြီး ကောင်းကောင်းကို အစ်ကိုမင်းသန့်က သူ့ပေါင်မှာထိုင်ခိုင်းပြီး တစ်လမ်းတစ်တီတူးလာခဲ့ကြသည်။

ရန်ကုန်ကနေ မနက်၆နာရီထွက်လာခဲ့သည်။ လမ်းမှာအညောင်းပြေ ကားထဲဆင်းပြီး နားလိုက်ကြပြီးရင်ကားပေါ်ပြန်တတ်နဲ့မောင်းလာကြတာ နေ့လယ်၂နာရီထိုးခဲ့ပြီး မကွေးတိုင်းဒေသကြီးထဲ​စတင်ရောက်ရှိလာခဲ့ကြသည်။ လင်းချိုတို့ရွာလေးမကွေးတိုင်းဒေသကြီး မင်းသားကျဆိုတဲ့ရွာလေးဖြစ်သည်။ ရွာကသေးသေးလေးတော့မဟုတ်ချေ။ ရွာကကြီးတာ​ကြောင့် အရပ်လေးမျက်နာအခြမ်းလိုက်ခွဲထားကြသည်။ အရှေ့ဘက်ခြမ်း၊အနောက်ဘက်၊တောင်ဘက်နဲ့မြောက်ဘက်လို့ခွဲထားသည်။ လင်းချိုတို့နေတာအရှေ့ဘက်ဖြစ်သည်။ ရွာအနီးအနားမှာတောတောင်တွေနဲ့မို့ လင်းချိုတို့ရွာလေးကအေးချမ်းလှသည်။ လက်လုပ်လက်စား တောင်ယာသမားတွေပေါများတဲ့ ရွာလေးဖြစ်သည်။ရေသွင်းမြောင်းမှတစ်ဆင့် တောင်ယာများတွင် စိုက်ပျိုးရေးလုပ်ကိုင်ကြသည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now