Part-44

1K 87 0
                                    

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၄၄

ဆန်းလင်းချို ကားထဲမှာ ဖေဖေတို့နဲ့အတူလိုက်ပါလာခဲ့သည်။မိမိတို့ကားနဲ့အတူပါလာသော အစ်မကြီးတစ်ယောက်နဲ့ဦးလေးကြီးတစ်ယောက်ကိုတော့ လေ့လာကာကြည့်နေမိသည်။ ရှေ့ခန်းမှာထိုင်နေကြတဲ့ ထိုလူနှစ်ယောက်က ဖေဖေနဲ့များအသိလားမသိ။ ဘေးမှာထိုင်နေတဲ့ဖေဖေကလည်း ဘာအကျိုအကြောင်းမှကို ပြောမနေတော့ လိုက်သာလိုက်ရသည်စိတ်ထဲစနိုးစနှောင့်နိုင်လှသည်။ သိချင်ပေမယ့်လည်း ဖေဖေကိုစကားစမပြောချင်တာကြောင့် ကားပြတင်းပေါက်ကိုသာ ငေးကြည့်ရင်းလိုက်လာခဲ့သည်။ ချစ်ရသောချစ်သူ အဆင်မှပြေရဲ့လား၊ အရမ်းများစိတ်ညစ်နေမလား၊ သူမိဘတွေနဲ့များ ပြသာနာဖြစ်နေမလား စသည့်အတွေးများဆက်တိုက်ဝင်နေတော့သည်။

အဆင့်မြင့်တိုက်ခန်းအိမ်ရာတစ်ခုရှေ့မှာ ကားရပ်သွားသည်။ ဖေဖေအပါဝင်ရှေ့ခန်းကနှစ်ယောက်ကလည်း ကားပေါ်ကဆင်းသွားကြသည်။ မိမိမှာတော့ ကားထဲကမဆင်းနိုင်သေးပဲ သူတို့ကိုစောင့်ကြည့်နေမိသည်။ လင်းချိုမဆင်းလာတာကြောင့် ဦးဆန်းနိုင်လင်းချိုအနားသွားကာ

"သားဆင်းတော့လေ...."

"ဘာလို့ဒီကိုခေါ်လာတာလဲ....ဘာလုပ်မလို့လဲ....ပြီးတော့အဲ့လူနှစ်ယောက်ကဘယ်သူလဲ...."

လင်းချိုမမေးဖို့လုပ်ထားပေမယ့် စိတ်ထဲကမတင်မကျဖြစ်လာလို့ မေးလိုက်ရသည်။ လင်းချိုကို မာမာမောင်ကတော့ အကြည့်လွဲထားပေမယ့်၊ ဦးသစ်မောင်ကတော့ သေချာစိုက်ကြည့်နေသည်။ ဦးသစ်မောင်ရဲ့အကြည့်တို့သည် ဆွေမြေ့ဖွယ်ကောင်းလွန်းနေသည်။

"သားဖေဖေကိုယုံပါ....သားကိုထိခိုက်အောင် ဖေဖေဘာမှမလုပ်ပါဘူးကွယ်...."

ဖခင်ဖြစ်သူဦးဆန်းနိုင်ထံမှ မျက်နာငယ်နဲ့ထို့သို့ပြောလာသည်။ ထို့အတွက်တော့ လင်းချိုစိတ်မကောင်းဖြစ်သွားရသည်။ ရင်ထဲမကောင်းသလို ဖြစ်လာရသည်။အသံငယ်လေးဖြင့်

"အဲ့လိုမဟုတ်ပါဘူး....တစ်ခုပဲသိပါရစေ....ဘယ်သူ့ဆီခေါ်လာတာလဲ..."

ဦးဆန်းနိုင်ဖြေဖို့ အကျပ်ရိုက်သွားရသည်။ မျက်နာပျက်မသွားအောင် ဦးဆန်းနိုင်ပြုံးရင်းဖြင့်

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now