Part-37

970 94 3
                                    

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၃၇

ဦးသစ်မောင် အားဆေးသွင်းပြ​ီး အလုပ်တွေလုပ်နေရသည်။ သားဖြစ်သူမရှိတာကြောင့် သမီးတစ်ယောက်တည်းထားလို့မရပါ။ ထို့ကြောင့် အိမ်မှာနေရင်း သမီးကိုစာရင်းဇယားတွေ ကူလုပ်ပေးနေရသည်။ကုတင်ပေါ်လှဲနေတဲ့ မိမိအား သမီးကစာရင်းစာရွက်တွေကို ပြနေသည်။ ဦးသစ်မောင်လက်ကို သမီးရဲ့ခေါင်းလေးပေါ်အသာတင်လိုက်မိသည်။ သမီးက ဦးသစ်မောင်အားမော့ကြည့်လာလေသည်။ဦးသစ်မောင်စိုးရိမ်နေသော အသံဖြင့်

"သမီး....ဖေဖေ့ကိုမုန်းလား...."

ဤမေးခွန်းကို ဦးသစ်မောင်အားတင်းရင်း မေးလိုက်ရတယ်ဆိုတာ သူသာအသိဆုံးဖြစ်သည်။ သမီးဆီက မုန်းတယ်ဆိုတဲ့ စကားမပြောနဲ့ အင်းဆိုတဲ့ ထောက်ခံတဲ့အသံတောင် ဦးသစ်မောင်မကြားရဲပါ။ သို့သော် သိလိုစိတ်ကြောင့် မေးလိုက်မိသည်။ သမီးကမိမိအား မျက်နာလွဲသွားသည်။ ထိုအချိန်ခဏလေးသည် ဦးသစ်မောင်ရင်ထဲကြီးမားစွာ လစ်ဟာသွားသလိုပင်ခံစားလိုက်ရသည်။ သမီးဆီကအသံတိုးတိုးလေးထွက်လာသည်။

"ဖေဖေကိုမမုန်းပါဘူး....ဒါပေမယ့်မေမေကိုသနားတယ်၊ မေမေကိုကိုယ်ချင်းစားတယ်ဖေဖေ...."

ဦးသစ်မောင်ဘာစကားမှမပြောပဲ ပြုံးရင်းခေါင်းကို ညှင်သာစွာညိတ်နေလေသည်။ ဝဲတတ်လာတဲ့ မျက်ရည်စတို့ကို အတတ်နိုင်ဆုံးထိန်းထားသည်။ ဝမ်းနည်းလို့မဟုတ်ပဲ လစ်ဟာသွားတဲ့ရင်တစ်စုံဟာ မမုန်းပါဘူးဆိုတဲ့ စကားလေးကြောင့် ပြီးပြည့်စုံစွာခုန်ပေါက်လာလို့ဖြစ်သည်။ သမီးကြောင့်ဦးသစ်မောင်ရင်တို့ တလှပ်လှပ်ခုန်နေ​လေသည်။

"ကိုမောင်ကလည်း သမီးလိုပါပဲဖေဖေ....ကိုမောင်ကအပြောရိုင်းပေမယ့်....ဖေဖေကိုမမုန်းဘူးဆိုတာ ဖေဖေအသိဆုံးဖြစ်မှာပါ....ကိုမောင်ကဖေဖေအချစ်ကိုမရလို့ အလိုမကျနေရုံသက်သက်ပါဖေဖေ...ဖေဖေဘက်က တစ်ထစ်လောက် လျော့ပေးပါလား....."

သမီးရဲ့တောင်းဆိုနေတဲ့ အကြည့်တွေကို ဦးသစ်မောင်မျက်မှောင်ချိုးလိုက်မိသည်။ သမီးပြောစကားကိုအလိုမကျလို့ မဟုတ်ပါ။ သမီးပြောသလို မိမိကတကယ်တစ်ထစ်လျော့ရမလားလို့ တွေးမိသောကြောင့်ဖြစ်သည်။ တစ်ထစ်လျော့မယ်ဆိုလျှင် မိမိကသားအပေါ်မာနကြီးမိတယ်ဆိုတာ မိမိကိုယ်ကိုယ်ပြန်သိလိုက်ရသည်။မိမိသည်သားအပေါ်သားနဲ့အပြိုင် မာနထားနေမိပြီဆိုတာ သိလိုက်ရသည်။ သားတို့သမီးတို့ ငယ်ငယ်တုံးကတော့ ရောဂါကိုအကြောင်းပြပြီး ကလေးတွေနဲ့ ခပ်ခွာခွာနေခဲ့မိသည်။ သားတို့သမိးတို့ကြီးပြင်းလာတော့လည်း အရင်တိုင်းအေးစက်စွာခပ်ခွာခွာနေမိခဲ့သည်။ မိမိစိတ်ရူးပေါက်လို့ ပြန်မခုခံနိုင်တဲ့အရွယ်တွေ မဟုတ်တော့တာကို မိမိသည်အဘယ်ကြောင့် သားဘက်ကနွေးထွေးမူ့ကိုစောင့်မျှော်နေမိပါလိမ့်၊ မိမိကသာသားအနားထိုးကပ်ပြီး မေတ္တာတွေပြန်ပေးလည်း မှီသေးသည်ကို သတိမထားခဲ့သည်ပင်။ ဦးသစ်မောင် အတောက်ပဆုံးပြုံးလိုက်သည်။ ထိုအပြုံးကိုပထမဆုံးမြင်ဖူးတဲ့ သမီးလေးကတော့ မျက်ရည်လေးတွေဝဲကာ မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေလေသည်။ဦးသစ်မောင် သမီးရဲ့ပါးပြင်လေးကို ဖိနမ်းလိုက်တော့ သမီးကိုယ်လေးတုန်တတ်သွားသည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now