Part-6

2.3K 186 18
                                    

ဒီနေ့နှစ်ပုဒ်တင်ပေးလိုက်ပါမယ်ဗျ။ မနက်ဖန်တော့ မတင်တော့ဘူးနော် အသဲတို့ရေ။

သက်တံရောင်ခြယ်ခြင်း

အပိုင်း၆

၁၉၉၆ ၊စက်တင်ဘာလ

မောင်နဲ့ မောင်လေးဆန်းနိုင် တဖြည်းဖြည်းပိုပြီးအဆင်ပြေလာကျသည် ထင်သည်။ မောင်နဲ့ဆန်းနိုင်လေးကို တစ်ခါတစ်လေရယ်မောစကားပြောနေတာကို ရှင်မာတွေ့ရတတ်သည်။ ကျွန်မရဲ့ရောဂါအခြေအနေကလည်း တစ်နေ့တစ်ခြားပိုပိုဆိုးလာသည်။ ရောဂါဆိုးလာတာကြောင့် နှစ်နှစ်အရွယ်သားနဲ့သမီးကို အောက်ထပ်ကမောင်လေးဆန်းနိုင်အခန်းကို မောင်လေးဆန်းနိုင်က ခေါ်ထားသည်။ ဒေါ်လွန်းတို့မနီတို့ကလည်း အောက်ထပ်မှာဆိုတော့ ကလေးတွေကို စောက်ရှောက်ရပိုလွယ်သည်။

မောင်ကလည်းအရင်က ကျွန်မရှေ့မှာမပြုံးမရယ်ပေမယ့် ခုနောက်ပိုင်းတော့ ကျွန်မရှေ့သားနဲ့သမီးကို ချီပိုးရင်း ချော့မြူနေတတ်လာပြီ။ မောင်ရယ်ရင်မောင်ပြုံးရင် သိပ်ကိုကြည့်ကောင်းလွန်းလှသည်။ ဒီလောက်ကြည့်ကောင်းတဲ့မောင့်ကို အလုပ်ကမိန်းကလေးတွေကပ်ကျမှာသေချာသည်။ ထိုအတွက်ရှင်မာစိတ်ပူရသည်။ ရှင်မာဘဝကရောဂါသည်ဖြစ်တာကြောင့် ယောက်ကျားသားရဲ့ စိတ်ဆန္ဒကိုရှင်မာမဖြည့်ဆည်းပေးနိုင်ပါ။ ရှင်မာမစွမ်းနိုင်ပါ။ မောင်နဲ့ရှင်မာအတူမနေတာ သားနဲ့သမီးကိုယ်ဝန်ရကတည်းကဆိုရင် သုံးနှစ်တိတိရှိပြီဖြစ်သည်။ မောင်အခြားမိန်းကလေး စိတ်ဆန္ဒကိုဖြေဖျောက်မှာ ရှင်မာမကြိုက်ပေမယ့် မတတ်နိုင်ပါ။ ရှင်မာမှမောင့်အပါ်ဇနီးတာဝန်မကျေနိုင်တာ မောင်တိတ်တိတ်ပုန်းမိန်းမထားလည်း ရှင်မာမောင့်ကိုအပြစ်ပြောဖို့ မထိုက်တန်ပါ။ ရှင်မာအတွက်အချိန်ဟာတိုတောင်းစပြုလာပြီဆိုတာ ရှင်မာသိနေသည်။ မိမိကိုယ်ကိုလည်း အလွန်ဆုံးတောင့်ခံနိုင်လေးနှစ်လောက်ပဲလို့ တွတ်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် ရှင်မာမသေခင် မောင်နဲ့ကလေးတွေကို စိတ်ချချင်သည်။ မောင်ဖောက်ပြန်ရင်တောင် သားနဲ့သမီးအပေါ်မှာ တာဝန်ကျေမယ့် မိန်းကလေးမျိုးနဲ့သာဖောက်ပြန်စေလိုသည်။ မောင့်ကိုရှင်မာတစ်နေ့တစ်ခြား ပိုမိုချစ်မြတ်နိုးလာမိသည်။စကားတီတီတာတာပြောတဲ့ သားနဲ့သမီးနဲ့လည်းမခွဲချင်ပါ။ မောင်လေးတစ်ယောက်လို အရာရာကိုဂရုတစိုက်နဲ့ ကူညီပြုစုပေးတဲ့ ဆန်းနိုင်လေးကိုလည်း အစ်မတစ်ယောက်လို မေတ္တာတွေပေးချင်ပါသေးသည်။သို့သော် ခန္ဓာကိုကိုယ်မပိုင်ဘူးဆိုသလိုပဲ ဘယ်နေ့ဘယ်အချိန်ပြိုကျမလဲ ရှင်မာမသိနိုင်ပါ။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now