Part-28

1K 106 4
                                    

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၂၈

ဆန်းလင်းချို တရက်ထက်တစ်ရက် သူနဲ့ရင်းနှီးလာရသည်။ ခုဆိုရင် သူနဲ့ခင်တာတစ်လပြည့်ပြီဖြစ်သည်။သူနဲ့ခင်လေ သူ့ကိုပိုပြီးသဘောကျမိလေဖြစ်သည်။ သူကစိတ်ဓာတ်ပြတ်သားပြီး ဘာဆုံးဖြတ်ချက်ချချအလျင်အမြန်နဲ့ခိုင်ခိုင်မာမာချတတ်ကြောင်း သူပြောပြတဲ့သူအကြောင်းအရာတွေအရသိလာရသည်။သူ့ကမိမိထက်၇နှစ်တောင်ကြီးသည်။သူအသက်က၂၆ ဖြစ်သည်။ မိမိအသက်မှာ ၁၉ဖြစ်သည်။ သူမှာဖခင်တစ်ယောက်ပဲရှိပြီးမိခင်ကဆုံးသွားကြောင်း ပြောပြဖူးသည်။သူမှာအမြွှာညီမလေးလည်း ရှိသေးသည်။လင်းချိုဖြင့် ထိုအစ်မကိုမြင်ဖူးချင်သည်။ သူမိသားစုအကြောင်းထက် နိုင်ငံခြားမှာနေခဲ့ရတဲ့ သူ့အမှတ်တရတွေအကြောင်းကို အပြောများသည်။လင်းချိုသိချင်တာ မိသားစုအကြောင်းလည်းပါပေမယ့် လင်းချိုနဲ့သူရဲ့ ခင်မင်မူ့ကခိုင်မြဲသေးတာမဟုတ်တော့ လင်းချိုမမေးတော့ပါ။ သူကလည်းပြောပြချင်ဟန်မရှိပါ။ ဒီနေ့ဆန်းလင်းချိုဆိုင်ကို မသွားခင်ရေမိုးချိုးပြင်နေမိသည်။ မိမိက တစ်ယောက်အိပ်အဆောင်အခန်းမှာနေဖြစ်သည်။ အ​ခန်းလေးကတစ်ယောက်အိပ်ဆိုပေမယ့် ရွာကမိမိအခန်းနီးပါးလောက်ကျယ်သည်။

အဆောင်မှာနေပေမယ့် လင်းချိုကိုယ်တိုင်တော့ ချက်ပြုတ်မစားဖြစ်။ ဖေဖေတို့ပို့ပေးတဲ့ အခြောက်အခြမ်းတွေနဲ့ ထမင်းဝယ်စားရင်စား၊ မစားရင်အဆောင်အောက်ကအသုတ်ဆိုင်နဲ့ထမင်းဆိုင်မှာ ဝယ်ကျိတ်တတ်သည်။ ရေချိုးပြီးတာနဲ့ ရေချိုးခန်းကနေ ကိုယ်နေတဲ့အဆောင်ရှိရာသို့ ဆပ်ပြာခွက်နဲ့ရေခွက်တို့ယူကာ ပြန်လာခဲ့သည်။ ယောက်ကျားလေးအဆောင် ဖြစ်တာကြောင့် ရေချိုးခန်းသီးသန့်တစ်ခန်းဆီမထားပါ။ အဆောင်အပေါ်ထပ်မှာ တစ်ခန်းအောက်ထပ်တစ်ခန်းနှစ်ခန်းထားပေးထားသည်။ လင်းချိုကမနက်စောစောနဲ့ ညပြန်ရောက်မှချိုးဖြစ်တာကြောင့် လူတော့တန်းစီစောင့်စရာမလိုပါ။ လင်းချိုအခန်းထဲရောက်တော့ ရေသုတ်အဝတ်လဲလိုက်သည်။ အဖြူရောင်အင်္ကျီနဲ့အနက်ရောင်စတိုင်လ်ပင် ဒါကယူနီဖောင်းဖြစ်သည်။
ထမင်းချိမ့်ထဲ ဖေဖေပို့ထားတဲ့ ဟင်းတွေထည့်လိုက် အောက်ရောက်မှထမင်းဝယ်မည်။ ပြင်ဆင်ပြီးတာနဲ့လွယ်အိတ်လေးလွယ်ကာ အခန်းထဲကထွက်ဖို့ပြင်လိုက်သည်။ ဖိနပ်စီးပြီးတာနဲ့ မိမိအိပ်ရာရဲ့ ဘေးဘက်နံရံလေးဝေ့ကြည့်လိုက်မိသည်။ ရင်တော့အေးချမ်းသွားရသည်။ အကြောင်းမှာကား နံရံလေးပေါ်မှာ သူ့ပုံများနေရာယူထားလို့ဖြစ်သည်။ နေ့တိုင်းခိုးရိုက်ထားတဲ့ သူ့ပုံတွေကိူဖုန်းထဲကနေ ဓာတ်ပုံအဖြစ်ထုတ်ကာ အခန်းနံရံမှာ ကပ်ထားမိသည်။ အဆောင်ဖို့ သူအခန်းသူနေကိုယ့်အခန်းကိုယ်နေကျရတာကြောင့်ဖြစ်သည်။ ဖေဖေမရှိလို့လည်း ကပ်ရဲတာဖြစ်သည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now