Part-30

1K 100 2
                                    

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၃၀

လင်းချိုသူတို့ကို မျက်ရည်ဝဲကာကြည့်နေမိသည်။
သူကသူထိုင်နေကျ ထိုင်ခုံမှာ ထိုမိန်းကလေးနဲ့ ဝင်ထိုင်လာသည်။ ထိုမိန်းကလေးကတော့ သူ့ကိုပြုံးပျော်စွာစိုက်ကြည့်နေလေသည်။ သူကတော့မပြုံးပဲ ထိုမိန်းကလေးစိုက်သာကြည့်နေသည်။ လင်းချိုသူတိုအနားသွားကာ

"ဘာမှာမလဲခဗျ...."

"ထုံးစံအတိုင်းပဲ ညီ...."

"အစ်မကတော့ ချီ့စ်ကိတ်နဲ့ အိတ်စပယ်ဆိုတစ်ခွက်ပေးနော်...."

"ဟုတ်ကဲ့..."

လင်းချိုကို အရင်လိုပြုံးလည်းမပြသလို၊ မျက်လုံးချင်းတောင် သူဆိုင်မကြည့်ပါ။ သူချစ်သူပါလာလို့နဲ့ တူသည်။ သူ့မှာဆိုင်သူရှိနေပြီဆိုတော့ လင်းချိုလက်လျော့လိုက်သင့်ပြီဖြစ်သည်။

မှာထားတဲ့ကိတ်နှစ်ခြမ်းနဲ့ ကော်ဖီနှစ်ခွက် လင်ဗန်းနဲ့သယ်လာကာ သူတို့စားပွဲမှာ တစ်ခုချင်းစီချပေးနေမိသည်။ ထိုစဥ်

"ခိုင်တို့စေ့စပ်ပွဲကို ကိုမောင်ဘယ်လိုပုံစံမျိုးလုပ်ချင်လဲဟင်...."

"ဒီနေရာမှာ ဒါတွေမပြောနဲ့ခိုင်...."

ထိုအစ်မကို သူကတော့ လေသံမာမာနဲ့ပြန်ပြောလာသည်။ လင်းချိုကိုယ်နဲ့မဆိုင်သည်မို့ အကုန်ချပေးကာ သူတို့စားပွဲထွက်လာခဲ့သည်။ လင်းချိုလင်ဗန်းအေပရွန်ကို မုန့်ဖုတ်တဲ့အဆောင်က စားပွဲမှာတင်ထားလိုက်ပြီး အိမ်သာထဲအမြန်ပြေးဝင်လာလိုက်သည်။

လင်းချိုမျက်ရည်များ ရစ်ဝဲကာ ကျဆင်းလာရသည်။ အသံထွက်မငိုမိအောင် ပါးစပ်ကိုလက်ဖြင့် ဖိပိတ်ထားလိုက်သည်။ သူ့မှာဆိုင်သူရှိနေပြီပဲ၊ ဒါဆိုဘာလို့ မိမိအပေါ်ကို ကောင်းခဲ့တာလဲ ၊ သူဘာလို့မျှော်လင့်ချက်တွေပေးရတာလဲဗျာ။ လငိးချိုနာကျင်စွာငိုကြွေးနေမိသည်။ သူသည်ဘာရည်ရွယ်ချက်နဲ့ မိမိအားခုလိုခင်မင်ဂရုစိုက်တာလဲ မသိပါ။

###################

မင်းသုမောင် မနက်စောစောထကာ အိမ်နောက်ဖေးမီးဖိုချောင်ကို ဝင်တော့သည်။ ဒီနေ့ကောင်လေးအတွက် စားစေချင်တဲ့ အစားအစာတွေကို ကိုယ်တိုင်ချက်ကျွေးရမည်လေ။ အရသာရှိတဲ့အစားစာတွေကို ချစ်မိတဲ့ကောင်လေးအတွက် ချက်ကျွေးရမယ်ဆိုတဲ့ ပိတီ့ကဘာနဲ့မှမလဲနိုင်ပါ။မနေ့ကညကတည်းက ဘာချက်ကျွေးရမလဲ စဥ်းစားပြီးသားဖြစ်သည်။ မနေ့ကအလုပ်မပြန် ဝယ်လာသောအမဲသားအတုံးကြီးကို ရေခဲသေတ္တာထဲထည့်ကာ ထားခဲ့သည်။ ခုတော့အမဲသားကို ထုတ်ကာရေအရင်ဆေးလိုက်သည်။ အမဲသားတုံးကို ဆားရယ်ကရုတ်ကောင်းရယ်နဲ့ နယ်ကာ ခနနှပ်ထားလိုက်သည်။ ကြက်သွန်ဖြူနှစ်မြွှာလောက်ကို နွှာထားလိုက်သည်။ ပြီးနောက်ဒယ်အိုးကိုအပူပေးပြီး နေကြာဆီလောင်းထည့်လိုက်ပြီး ဆီပူအောင်ခနစောင့်နေလိုက်သည်။ထိုစဥ်

သက်တန့်ရောင်ခြယ်ခြင်း(Completed)حيث تعيش القصص. اكتشف الآن