Part-27

1K 118 5
                                    

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၂၇

မင်းသုမောင် ဒီနေ့အလုပ်စဆင်းရပြီဖြစ်သည်။ မှန်ရှေ့စပယ်ရှယ်ကို ပြင်ဆင်နေတော့သည်။ အမြဲတမ်းမိမိုက်နေတဲ့အတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူရမည်။မင်းသုမောင်သည် ဦးသစ်မောင်သားပီသအောင်ကို ချောမောခန့်ညှားနေသော သူဖြစ်သည်။ မင်းသုမောင်ပြင်ဆင်ပြီးတာနဲ့ အိမ်အောက်ထပ်ကို ဆင်းလာခဲ့သည်။ မနက်စာစားဖို့ ဗိုက်ကဆာနေပေမယ့်လည်း ဖေဖေရှိတာကြောင့် အမူအရာမပျက် ထမင်းစားခန်းသို့ဝင်လာလိုက်သည်။

"အော်မြေးလေးနိုးနေပြီပဲ အလုပ်ပထမဆုံးဆင်းရတော့မှာဆိုတော့ ရင်ခုန်နေပြီလားအဖွားမြေးလေး..."

"ဟိုနိုင်ငံမှာတုံးကလည်း ကျောင်းတတ်ရင်း ကုမ္ပဏီတွေမှာအချိန်ပိုင်းဝင်လုပ်ဖူးပါတယ် ရင်ခုန်မယ့် နေနေသာသာ စိတ်တောင်မလှုပ်ရှားဘူး ဖွားဖွား..."

မင်းသုမောင် ဟိုဘက်နိုင်ငံမှာ ပညာသင်ကတည်းက ကိုယ့်ကျောင်းလခကိုယ်ရှာ၊ ကိုယ့်စားစရိတ်အဆောင်ခ အကုန်ကိုယ့်ဘာသာ အချိန်ပိုင်းလုပ်ပြီး ဖြေရှင်းခဲ့သည်။ အိမ်ကပို့တာကို လက်မခံပါ။အထူးသဖြင့်ဖေဖေပို့တဲ့ပိုက်ဆံတွေ ပြန်ပြန်ပို့ပေးလိုက်တာများသည်။ ဖွားဖွားပို့တာကိုတော့ မင်းသုမောင်ရံဖန်ရံခါလက်ခံဖြစ်သည်။ ထိုအချိန်မှာ ကျောင်းလခမလောက်ရင်၊အသုံးစရိတ်မလောက်ရင် ဖြစ်သည်။ဦးသစ်မောင်ကတော့ သားဖြစ်သူကို ဘာမှမ​ပြောပဲ စားစရာရှိတာကို ထိုင်စားနေသည်။

"ကိုမောင်ငါ့ကားနဲ့လိုက်မလား ဖေဖေကားနဲ့လိုက်မလား...ဖေဖေကားနဲ့ပဲ..."

"Busနဲ့ပဲသွားမယ်....ဒီလလခထုတ်မှ ကားဝယ်တော့မယ်..."

မာမာမောင်ပြောစကားကို မင်းသုမောင်ကြားဖြတ်လိုက်တော့သည်။ လကုန်ရင်တော့ အရင်ကတည်းကစုထားတဲ့ ပိုက်ဆံနဲ့ကောလစာနဲ့ပါ ပေါင်းပြီးကားကိုအရစ်ကျဝယ်မည်လို့ မင်းသုမောင်ဆုံးဖြတ်ထားလေသည်။ အတတ်နိုင်ဆုံး မိမိသည်ဖအေအားကိုးနေတဲ့ သားမဟုတ်ဘူးဆိုတာ ပြရမည်။အရာရာကိုဖခင်လောင်းရိပ်က မင်းသုမောင်လွတ်အောင်အမြဲ ကြိုးစားတတ်သည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now