Part-18

1.3K 146 4
                                    

ဇာတ်လမ်းလေးက အပိုင်း၃၀ကေျာ်ထိ ရေးမှာပါ။ ခုမှတဝက်ပဲရှိသေးတယ်။😁😁😁။😍😍😍 Voteလေးလဲ ပေးကြပါနော် အသဲတို့😔😍😍😘😘။

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၁၈

ဆန်းနိုင်ရယ် သစ်မောင်ရယ် ဒီနေ့တော့ သားနဲ့သမီးကိုခေါ်ကာ အပေါ်ထပ်ကိုကိုရဲ့အခန်းအိပ်ဖြစ်ကြသည်။ ကိုကိုအခန်းကကြမ်းပြင်မှာ အိပ်ရာခင်းကြီးခင်းကာ လေးယောက်သားစုအိပ်ကြသည်။ သားနဲ့သမီးကလည်း နေ့လယ်က လန့်ပြီးငိုထားတာကြောင့် အိပ်ချင်နေကြသည်။
သားဘေးမှာဆန်းနိုင်အိပ်ပြီး၊ သမီးဘေးမှာကိုကို လှဲနေသည်။ သမီးနဲ့သားကိုအလယ်မှာထားက မိမိတို့နှစ်ယောက်က ဘေးကနေလဲနေကြသည်။

"သားနဲ့သမီး..."

"ဗျာ..."

"ရှင် ဖေဖေ..."

ကိုကိုက ကလေးတွေကို အသံပြုခေါ်လိုက်တာကြောင့် မိမိဘက်မျက်နာမူနေတဲ့ ကလေးတွေက ကိုက်ိုဘက်လှည့်သွားကြသည်။

"ဖေဖေရယ်လေးငယ်ရယ်၊ သားနဲ့သမီးရယ် လေးယောက်တည်း ဟိုအဝေးက အိမ်လေးမှာ အပင်တွေစိုက်၊ ပန်းတွေစိုက်ရင်း နေမယ်ဆိုရင် သားနဲသမီးက ဖေဖေတို့နဲ့ လိုက်မှာလား...."

ကလေးတွေဘက် ကိုကိုကတစောင်းလှဲရင်း ခေါင်းကို လက်နဲ့ထောင့်ထားကာ သားနဲ့သမီးကို ငုံမိုးကြည့်ရင်း လေးပင်သောအသံတစ်ခုနဲ့ဆိုလာသည်။ ယခုချိန်မှာ ကိုကိုလိုပင် ဆန်းနိုင်လည်း သားနဲ့သမီးရဲ့အဖြေကို ရင်ခုန်စွာစောင့်နေမိသည်။
ကလေးတွေက ခနအကြာစဥ်းစားပြီးနောက် သူ့အဖေအားကြည့်ရင်း သားကအရင်ဖြေလာသည်။

"လ်ိုက်မယ်ဖေဖေ.....အပင့တွေစိုက်မှာဆိုတော့ ပျော်ဖို့ကောင်းမှာပဲနော်...."

သားရဲ့စကားကိုကြားတော့ ကိုကိုနဲ့ဆန်းနိုင် ပြုံးလိုက်မိသည်။ သားစကားကြောင့်တစ်ဝက်တော့ စိတ်အေးသွားရသည်။ ခနကြာတော့သမီးကလည်း ဆိုလာသည်။

"ကိုမောင်လိုက်ရင် သမီးလည်းလိုက်မယ်နော်....သမီးကပန်းပင်လေးတွေစိုက်မှာ...."

သစ်မောင်နဲ့ဆန်းနိုင် အကြည့်ဆုံသွားမိသည်။ တစ်ယောက်နဲ့တစ်ယောက်အကြည့်နဲ့ စကားပြောနေမိသည်။ စကားသည်ကား" ခုမှပဲ စိတ်အေးရတော့တယ် ညီညီ/ကိုကိုရယ်"လို့ ဖြစ်သည်။ သားနဲ့သမီးကလည်း မိမိတို့အားပြုးရယ်ရင်းကြည့်နေလေသည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now