သက်တန့်ရောင်ခြယ်ခြင်း
အပိုင်း၂၃
လင်းချို အဖေ့ဖုန်းလာလို့ ဆိုင်နောက်သို့ ထွက်လာကာဖုန်းကိုင်လိုက်သည်။ လူပါးနေတာကြောင့် ဖုန်းကိုင်လို့အဆင်ပြေသည်။လူပါးရင်တော့ ဆိုင်ကစည်းကမ်းမတင်းကျပ်တတ်ပါ။
"ဟယ်လို ဖေဖေ..."
"အေးသားလေး နေရတာအဆင်ပြေရဲ့လား ဖေဖေမင်းကို စိတ်မချဘူး..."
လင်းချိုပြုံးလိုက်မိသည်။ ဖေဖေနဲ့မခွဲဖူးတာကြောင့် မိမိလည်းလွမ်းပြီး စိတ်ပူသလို ဖေဖေလည်း မိမိအားစိတ်ပူရှာသည်။ နေ့တိုင်းဖုန်းဆက်တာ တစ်လကျော်နေပြီတစ်ရက်မှမပျက်ကွက်တတ်သော ဖေဖေပါ။
"ပြေပါတယ်ဖေဖေရယ် မပြေစရာမှမရှိတာ....ရွာမှာကောအဆင်ပြေရဲ့လားဖေဖေ....ထမင်းကိုလည်း အလုပ်ဘယ်လောက်များများ ပုံမှန်စားပါဖေဖေရယ်..."
ဖေဖေကတောင်သူကြီးဖြစ်တာကြောင့် ရွာမှာတောင်ယာမြေ အတော်များများပိုင်သည်။ လင်းချိုတို့မင်းသားကျစွာက မြိုင်မြို့၊ မကွေးတိုင်း မှာတည်ရှိနေပြီး စပါးထက် တောင်ယာစိုက်ခင်းများပေါသည်။ မြေပဲ၊သနပ်ခါးပင်၊ ဝါ၊အစိုက်များသည်။ ဖေဖေကတော့နေ့တိုင်း စာရင်းဇယားများနဲ့ မြေကွပ်တွေလိုက်ကြည့်တာတို့နဲ့ အလုပ်များနေသူဖြစ်သည်။
"အေးပါသားရဲ ဘိုးလေးသောင်းစိန်တို့လည်း ဖေဖေ့ကိုဂရုစိုက်ပါတယ်ကွယ်...သားကောအစားမှန်မှန်စားနော် မုန့်ဖိုးလိုရင်ပြောနော်..."
"ဟုတ်ကဲ့ပါဖေဖေရဲ့...မလိုပါဘူး..."
"အေး မင်းအဖိုးသာရှိရင် ဖေဖေကိုဆူပူနေတော့မှာ ငါ့သားရေ..."
အဖိုးရှိရင် လင်းချိုအလုပ်လုပ်ရမှာမဟုတ်ပါ။ အဖိုးကရွာသူကြီးလည်း ဖြစ်ခဲ့ဖူးသည်။ပြီးတော့ ဘိုးဘွားပိုင်လယ်တွေလည်းရှိတော့ အဖိုးကရွာမှာ တောသူဋေးဖြစ်နေလေသည်။ ထို့ကြောင့် မြေးဖြစ်သူ လင်းချိုကိုအလုပ်ကြမ်းလုပ်တာမကြိုက် ။အဖိုးတွန်းအားကြောင့်သာ စစ်ကိုင်းတက္ကသိုလ်မှာ အဖိုးဆုံးသွားတော့ အဖိုးဆန္ဒဖြည့်ဆည်းတဲ့အနေနဲ့ ကျောင်းအပြီးထိတတ်ခဲ့ရသည်။
YOU ARE READING
သက်တန့်ရောင်ခြယ်ခြင်း(Completed)
Romanceအချစ်ဇာတ်လမ်းလေးပါ။ဤficကို Wp၌ ဒီဇင်ဘာ ၁၂ရက် 2020 စတင်ရေးသားခဲ့သည်။ ကူးယူထားခြင်းမရှိပါ။ မူပိုင်Ficလေး ဖြစ်ပါသည်။