Part-33

1K 112 6
                                    

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၃၃

ဆန်းလင်းချိုဖေဖေကို ဆိုင်ခေါ်သွားပြီး ဆိုင်မှာပဲစောင့်နေခိုင်းလိုက်သည်။ ဖေဖေခရီးပန်းလာတာ မိမိသိတာကြောင့် ဖေဖေကိုမိမိနေတဲ့အဆောင်ကိုအရင်လိုက်ပို့ပေးမယ် ပြောတော့ ဖေဖေကအတင်းငြင်းနေတာကြောင့် လိုက်မပို့တော့ပဲစောင့်ခိုင်းလိုက်ခြင်းဖြစ်သည်။ အစ်မစင်ဒီတို့နဲ့လည်းမိတ်ဆက်ပေးလိုက်ရသည်။ အစ်မစင်ဒီရဲ့ ထုံးစံအတိုင်း  ဖေဖေကိုချောကြောင်းတဖွဖွပြောနေတော့သည်။ အစ်မစင်ဒီတို့သုံးယောက်သား လင်းချိုအဖေကိုသူတို့အဖေအထင်နဲ့အတင်းချွဲနေတော့လေသည်။ လင်းချိုတောင် ထောင့်ကပ်ကာ ကြည့်နေရသည်။ အော်ကိုယ့်အဖေကိုယ်မကပ်ရပဲ သူတို့ကအဖေအဖေခေါ်ကပ်နေပါလားလို့ ပြောမိတော့ သူတို့နဲ့ဖေဖေကတဟားဟားနဲ့ရယ်တော့သည်။

ညနေရောင်တော့ ဖေဖေရှိနေတာတောင် မိမိမှာ ကိုမင်းသုမောင်ကို မျှော်နေမိသည်။ သို့သော်သူဆိုင်ကို မလာပါ။ ဆိုင်ပိတ်လို့ပြန်သည်အထိ သူမလာပါ။ အင်းလေ ရည်းစားနဲ့ပဲအချိန်ဖြုန်းမှာပေါ့ မိမိလိုလူဆီမလာတာမဆန်းဟု စိတ်ဖြေလိုက်မိသည်။ သို့သော်ပူပြင်းနာကျင်နေတဲ့ရင်တစ်စုံကတော့ သက်သာဖြေပျောက်ခြင်းမရှိပါ။ ပြိုလဲချင်တဲ့ မျက်နာကိုဖေဖေရှိလို့ အတင်းပြုံးထားလိုက်သည်။ ဖေဖေလက်ကိုဆုတ်ကိုင်ကာ လမ်းလျှောက်လာမိသည်။

အဆောင်လမ်းကြားလေးက အပင်တွေနဲ့မို့ အေးချမ်းလွန်းသည်။တိတ်ဆိတ်လှတဲ့ရပ်ကွပ်ဖြစ်တာကြောင့် လမ်းကြားလေးက လူသူတစ်ယောက်နှစ်ယောက်သွားလာနေပေမယ့် လူပျက်​​ခြင်းတော့ မရှိပါ ။ လုံးချင်းအိမ်ကိုအဆောင်လုပ်ထားတာဖြစ်သည်။ ဖေဖေနဲ့ရွာမှာဆို ညနေတိုင်းဒီလိုသားအဖနှစ်ယောက် စကားတပြောပြောနဲ့ လျှောက်တတ်သည်။

"ဖေဖေ သားနာမည်ကဖေဖေနာမည်ပါလို့နဲ့ တူတယ်သားကဖေဖေနီးပါးချောနေတာ ဟဲဟဲ...."

"ဟားးး ဟုတ်မှာပါ ဟုတ်မှာပါ..."

လင်းချိုဘာရယ်မဟုတ် ဖေဖေကိုစနောက်ကာပြောလိုက်တော့ ဖေဖေကရယ်မောရင်း ခေါင်းတညိမ့်ညိမ့်နဲ့ထောက်ခံသည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now