Part-2

3.5K 216 4
                                    

သက်တံရောင်ခြယ်ခြင်း

အပိုင်း၂

အစ်မမာနဲ့အပြင်မှာထိုင်နေတာ ကြာပြီမို့ အစ်မမာကိုတွဲကာ အိမ်ထဲပြန်ဝင်လာလိုက်သည်။ ဆန်းနိုင်တို့အိမ်ထဲဝင်တာနဲ့ ကလးနှစ်ယောက်ကပါ သူတို့ကစားစရာလေးတွေကိုင်ကာ အိမ်ထဲသို့ခုန်ပေါက်ဝင်လာကျသည်။

ဆန်းနိုင်ဒီကလေးတွေကို မြင်တိုင်းမိမိနဲ့ကိုကိုရဲ့ ငယ်ဘဝကအမှတ်တရလေး​ေတွကို ပြန်သတိရမိသည်။ အချိန်တွေသာ ရပ်တန့်လို့ရမယ်ဆိုရင် သိပ်ကိုပျော်စရာကောင်းတဲ့ အဲ့အချိန်လေးတွေမှာပဲ ရပ်တန့်နေချင်မိပါသည်။

အစ်မမာကိုအခန်းထဲပို့လိုက်ကာ သူမအိပ်ရာပေါ်မှာ ပြန်လှဲအိပ်စေလိုက်သည်။ အစ်မမာရဲ့ နှလုံးရောဂါကလည်း တစ်နေ့တစ်ခြားအခြေအနေဆိုးလာတော့သည်။ လူဟာ တစ်နေ့တစ်ခြားပိန်လီလာသည်။ စောင်ခြုံပေးနေချိန်အထိ အစ်မမာဟာ ဆန်းနိုင်အား ပြုံးပြုံးလေးနဲ့ ကြည့်နေတုံးဖြစ်သည်။ အခြားဘာစကားကိုမှမဆိုပါ။ စောနက ခြံထဲမှာ ပြောတဲ့စကားတွေကို ဆန်းနိုင်ပြန်ဆက်ချင်ပေမယ့် အစ်မမာဘက်က ပြန်ဆက်လာမယ်ဆိုရင်တောင် နားမထောင်ရဲပါ။ ဘယ်လိုမျက်နာမျိုးနဲ့နားထောင်ရမှာပါလိမ့်။ မယားကြီးမသိအောင် တိတ်တိတ်ပုန်း အတူနေနေတဲ့ မိမိ၊ အတူဆန္ဒဖြည့်ဆည်းပေးနေမိတဲ့မိမိ၊ မလုပ်သင့်သော အလုပ်ကိုလုပ်ခဲ့ပြီးမှ မိန်းမမြတ်တစ်ယောက်ရဲ့အမုန်းကိုသာခံယူလိုပါသည်။ အစ်မမာရဲ့မျက်နာနဲ့ မျက်ဝန်းတို့တွင် ထိုအရိပ်အယောင်ကို မတွေ့ရပဲ ကြည်ဖြူခြင်းတွေ ပါဝင်နေတာကြောင့် လိပ်ပြာမလုံမိပါ။ ကိုယ့်ကိုယ်ကို အပြစ်သာပိုတင်မိနေသည်။

"အစ်မမာ ခဏလောက်အိပ်လိုက်နော်....ညနေလာနိုးပေးမယ်... "

"မနိုးပါနဲ့ကွယ် အစ်မမာခပ်ကြာကြာလေးအိပ်ချင်လို့ပါ....မောင်ပြန်လာတဲ့အထိ အစ်မမနိုးသေးရင် ငါ့မောင်​လေး ကပဲ အစ်မအစားတာဝန်ထမ်းပေးပါအုံး...."

"ဗျာ...ဟုတ်...ဟုတ်ကဲ့...."

ဆန်းနိုင်အခန်းထဲက ဖြည်းညှင်းစွာပြန်ထွက်လာခဲ့သည်။ အခန်းတံခါးမပိတ်ခင်အစ်မမာကို ကြည့်မိတော့ မျက်လုံးကိုမှိတ်ထားပြီး ခပ်ဖွဖွလေးပြုံး​နေတာကို မြင်လိုက်ရသည်။ အစ်မမာဒီနေ့ ဘာများပျော်စရာရှိလို့ပါလိမ့်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Où les histoires vivent. Découvrez maintenant