Part-19

1.3K 162 7
                                    

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၁၉

သစ်မောင် အလုပ်ရောက်တော့လည်း အလုပ်ထဲစိတ်မပါ။ သစ်မောင်တို့ဘိုးဘွားပိုင်ကုမ္ပဏီကမျိုးဆက်လေးဆက် လက်ဆင့်ကမ်းခဲ့သော ကုမ္ပဏီဖြစ်သည်။ သစ်မောင်ကစတုတ္ထမျိုးဆက်ဖြစ်သည်။သစ်မောင်လက်ဆင့်ကမ်းပေးရမှာကတော့ သားဖြစ်သူ မင်းသုမောင်ကိုဖြစ်သည်။ သစ်မောင်ဒီအလုပ်ကို ဝါသနာမပါခဲ့ပါ။ သို့သော် အမွေဆက်ဆံရမည့် သားဦးဖြစ်တာကြောင့် သစ်မောင်ရဲ့ဆရာဝန်ဖြစ်ချင်တဲ့ အိမ်မက်ကို စွန့်လွှတ်လိုက်ရလေသည်။ ဝါသနာမပါတဲ့ စီးပွားရေးမေဂျာယူကာ ဘွဲ့ရခဲ့ရသည်။ ထို့နောက် ဖခင်ဖြစ်သူရဲ့ကုမ္ပဏီကို အမွေဆက်ဆံဖို့ လေ့လာသင်ယူနေရပြီး ကိုယ်တိုင်ဦးစီးဖို့ ပညာရည်ပြည့်ဝလာပြီဖြစ်သည်။

ဟောတယ်လုပ်ငန်းက သစ်မောင်တို့ မျိုးဆက်ရဲ့အဓိကလုပ်ငန်းကြီးဖြစ်သည်။ ရန်ကုန်မှာလည်း ဟောတယ်ကြီးနှစ်ခုရှိသလို မန္တလေးမှာလည်း ငါးခုလောက်ရှိနေသည်။ မန္တလေးမှ လုပ်ငန်းကိုဘိုးဘွားတွေက စတင်ခဲ့ကြပြီး သစ်မောင်ဖခင်လက်ထက်ရောက်မှသာ  ရန်ကုန်ကိုခြေချလုပ်ကိုင်ခဲ့သည်။ရှမ်းပြည်ဘက်မှာလည်း ဟောတယ်လုပ်ငန်းကို တိုးချဲ့နေသည်။

ရန်ကုန်ကအလုပ်တွေကို ဖခင်ဖြစ်သူက ဦးစီးပြီး မန္တလေးကဟောတယ်တွေကိုတော့ သစ်မောင်ကဦးစီးလုပ်ကိုင်ရသည်။ အမာနာရေးကြောင့် ဖခင်ဖြစ်သူက ရန်ကုန်မှာလူယုံနဲ့ခနထားကာ မန္တလေးကိုရောက်လာခဲ့ခြင်းဖြစ်သည်။

ငွေစရင်းတွေကို စစ်နေပေမယ့် သစ်မောင်အိမ်က ညီညီကို စိတ်မချနိုင်သလိုဖြစ်နေရသည်။စိတ်ထင့်လေသည်။ အလုပ်တွေကို စိတ်အတင်းနှစ်ကာ အပြတ်ဖြတ်လိုက်ရသည်။ နေ့လယ်ထမင်းစားချိန်နီးလာပြိီဖြစ်သည်။ အချိန်အားဖြင့် ၁၀နါရီခွဲပြီဖြစ်သည်။

သစ်မောင်အတွင်းရေးမူးသည် သစ်မောင်ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။ပြီးနောက် သစ်မောင်အား

"ဆရာထမင်းစားတော့မလားခဗျ...."

"မစားသေးဘူး ကိုသန်းထွန်း....ကျွန်တော်အိမ်ခဏပြန်လိုက်အုံးမယ်...."

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now