Part-49

1K 66 11
                                    

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၄၉

၃လကြာပြီးနောက် (ဒီအပိုင်းသည် ဖခင်တစ်ယောက်နေရာမှ ရေးသားထားခြင်းဖြစ်သည်။)

ဦးဆန်းနိုင် ကားလေးတစ်စင်းပေါ်ကနေ ဆင်းလာခဲ့သည်။  အစ်မမာရဲ့နှစ်ပတ်လည်နေ့ရောက်တိုင်း အစ်မ၏အရိုးပြာအိုးကို မြုပ်နှံထားတဲ့ နေရာကိုသွားကာ တောင်းပန်ရမယ်ဆိုတဲ့ကတိကိုအဆုံးထိတည်ဖို့ ကတိပေးခဲ့ရသည်။ လွန်ခဲ့တဲ့တစ်လက အစ်မမာဆုံးတာ ၂၁နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ထိုနေ့မှာ ကိုကိုရယ်၊မိမိရယ်၊ သားချိုလေးရယ်နှင့်အတူ သားမောင်ပါ အစ်မမာအရိုးပြာအိုးလေးမြုပ်နှံထားတဲ့ မန္တလေးမြို့သို့ သွားခဲ့ကြသည်။

အစ်မမာကို ဒူးထောက်ပြီးတောင်းပန်ချင်ပေမယ့် သားမောင်ကခွင့်မပြုခဲ့ပေ။ ထိုအစား ကိုကိုနဲ့သူစိမ်းလိုဆက်ဆံရမယ်ဆိုတဲ် ကတိကိုသာတည်အောင်နေပါဟု ထပ်မံသတိပေးခြင်းခံလိုက်ရသည်။ ဝမ်းနည်းမိပေမယ့် သားဖြစ်သူဆန်းလင်းချိုရဲ့ ပျော်ရွှင်မူ့သည် မိမိအတွက်အရေးပါဆုံး ဖြစ်တာကြောင့် ခေါင်းညိမ့်ကာကတိပေးခဲ့လိုက်သည်။

ကိုကိုနဲ့နောက်ဆုံးအကြိမ် စကားပြောဖို့ သားမောင်ဟာ ခွင့်ပြုပေးခဲ့သည်။ မိမိတို့နှစ်ယောက်ကို ခဏထားခဲ့ကယ သားမောင်နဲ့သားချိုက ရှောင်ထွက်ပေးခဲ့သည်။
သစ်ပင်တွေကြားထဲ အုတ်ဂူမျအစီအရီရှိနေတဲ့ မြင်ကွင်းသည် သံဝေဂရစရာမြင်ကွင်းတစ်ခုဖြစ်နေသည်။ ကိုကိုနဲ့ဘေးခြင်းယုဥ်ရပ်နေပေမယ့် နှစ်ဦးသား တိတ်ဆိတ်ခြင်းကိုသာ တည်ဆောက်နေမိကြသည်။ လေးတိုးသံ တဝေါဝေါနှင့်အတူ နားထောင်ကောင်းနေဆဲဖြစ်တဲ့ ကိုကို့အသံက မိမိနားထဲရောက်ရှိလာခဲ့သည်။

"ကိုကို့ကို ခုထိချစ်နေတုံးလား ညီညီ..."

ကိုကိုက ယခုအချိန်ထိ အဲ့စကားကိုအကြားချင်ဆုံးထင်သည်။ ကိုကိုသူငယ်ပြန်သွားပြီလားလို့ တွေးမိလိုက်သည်။ မိမိလည်းကိုကိုဆီက ထိုစကားကိုကြားချင်မိတုံးဖြစ်သည်။

"ကိုကိုရယ်....အသက်တွေကြီးနေပြီ....ဒီစကားလုံးကို ဘဝထက်ကိုးကွယ်နေတုံးလား..."

သက်တန့်ရောင်ခြယ်ခြင်း(Completed)जहाँ कहानियाँ रहती हैं। अभी खोजें