သက်တန့်ရောင်ခြယ်ခြင်း
အပိုင်း၃၄
မင်းသုမောင် ကောင်လေးဆိုင်ကိုမသွားဖြစ်တာ ဒီနေ့နှင့်ပါဆိုရင် နှစ်ရက်ရှိပြီဖြစ်သည်။ အလုပ်ကပြန်လာတိုင်း ဝင်နေကျဆိုင်လေးကိုလည်း လွမ်းသလို မြင်နေကျကောင်လေးကိုလည်း လွမ်းမိသည်။ ဖေဖေနေမကောင်းတာကြောင့် ဖေဖေကိုယ်စားအလုပ်များကိုပါ သိမ်းကျုံးလုပ်နေရတာကြောင့် ကောင်လေးဆိုင်ကိုမသွားဖြစ်ပါ။ အလုပ်ကပြန်ရောက်ပြီးနောက် ဖေဖေအခန်းထဲဝင်လာတော့ ဖေဖေသတိရနေပြီဖြစ်သည်။ ဆေးပိုက်တွေကတော့ ဖေဖေလက်မှာ ဆက်လက်သွင်းထားရသည်။ ဖေဖေမျက်နာသည် အရင်လိုအေးစက်စက်နေဖို့တောင် အားအင်ရှိဟန်မတူပါ။
မိမိအားမြင်သည်နှင့်"သား...မင်းဆီဖေဖေစာကြည့်ခန်းသော့ရှိတယ်မလား...."
နေမကောင်းတာတောင် ဒီအခန်းကိုမိမိတို့ဝင်မှာ စိုးရိမ်နေသည်တဲ့လား ။ဖေဖေအားမင်းသုမောင်နားမလည်နိုင်တော့ပါ။ အဲ့ထဲမှာ ဘာမှမရှိဘဲ ဖေဖေသည်ဘာကြောင့် ထိုအခန်းကိုခုထိ ဝင်ခွင့်ပိတ်ပင်နေသနည်း။
"ရှိပါတယ်....ဖေဖေ..."
မင်းသုမောင်အရင်လို အသံမာမာဖြင့် မဆိုနိုင်တော့ပါ။ ဖေဖေကို ရာနူန်းပြည့်နားလည်မပေးနိုင်ပေမယ့် အနည်းငယ်တော့နားလည်မိလာရသည်။ မိမိတို့ထိခိုက်မှာကို ဖေဖေသည်ကြောက်ရွံနေလို့ သူ့အနားကိုအကပ်မခံခြင်းဖြစ်ခဲ့မည်။ ဒါကြောင့် အရင်လိုအသံမာမာနဲ့ မပြောဖြစ်ဖို့ ထိန်းထားသည်။
"အဲ့အခန်းထဲက ဘာကိုမှမထိပါနဲ့...."
ဖေဖေအသံမှ အားအင်ဖျော့ရော့ နေသည်။
"ကောင်းပါပြီ...."
ဖေဖေဘေးစားပွဲပေါ်မှာ ထိုအခန်းသော့ကို တင်ပေးလိုက်သည်။ပြီးနောက်
ဖေဖေအခန်းထဲမှ ထွက်လာခဲ့သည်။ မာမာကိုတွေ့တာကြောင့် မာမာအနားသွားကာ"မာမာ ဖေဖေအခြေအနေဘယ်လိုရှိလည်း...."
"အော်အေး....ဆရာဝန်ကြီးပြောတာတော့ အလုပ်အလွန်အကျွန်လုပ်ပြီး၊ အိပ်ရေးပျက်ခဲ့တာတွေက နှစ်နဲ့ချီခဲ့ပြီတဲ့....အဲ့ဒဏ်တွေက ခုမှအလုံးအရင်းနဲ့ကိုဝင်လာတာတဲ့ ကိုမောင်ရယ်...."
YOU ARE READING
သက်တန့်ရောင်ခြယ်ခြင်း(Completed)
Romanceအချစ်ဇာတ်လမ်းလေးပါ။ဤficကို Wp၌ ဒီဇင်ဘာ ၁၂ရက် 2020 စတင်ရေးသားခဲ့သည်။ ကူးယူထားခြင်းမရှိပါ။ မူပိုင်Ficလေး ဖြစ်ပါသည်။