Part-31

1K 101 18
                                    

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၃၁

ဦးသစ်မောင် အိမ်ခန်းဆိုဖာမှာထိုင်ကာ ရေအေးအေးတစ်ခွက်ကို မော့သောက်ပြစ်လိုက်သည်။ ရင်ထဲပူလောင်မူ့ကတော့ လျော့ကျမသွားပါ။ ခုလေးတင်အလုပ်ဆင်းလို့ အိမ်ပြန်ရောက်သည် သိပ်တောင်မကြာလိုက် ဖုန်းတစ်ခုဝင်လာပြီး ဆဲဆိုကျိန်းမောင်းခံလိုက်ရသောကြောင့် ဖြစ်သည်။ ဒါတွေက သားဖြစ်သူမင်းသုမောင်ကြောင့်ဖြစ်သည်။ မိမိတို့ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းမယ့် ခိုင်နွယ်ကျော်ရဲ့ဖခင်က ဆက်လက်မပူးပေါင်းဘူးဆ်ိုတဲ့ အကြောင်းအပြင်၊ ရှယ်ယာတွေကို ထုတ်မယ်ဆိုတဲ့ အကြောင်းတွေပြောလာတာကြောင့် မဦးသစ်မောင်ခေါင်းခဲသွားရသည်။ သားကတစ်ဖက်မိန်းကလေးကို ရစရာမရှိအောင် ပြောလိုက်သည်လို့ ပြန်ကြားရသည်။ဦးသစ်မောင် သက်ပြင်းကို ခပ်ဖွဖွမှုတ်ထုတ်လိုက်မိသည်။

"သား မြေးလေးကမွေလိုက်ပြန်ပြီလား....ခုမြေးမလေးခိုင်ကို ဘယ်လိုမျက်နာပြရမလဲ...."

မိခင်ဖြစ်သူဒေါ်ဘွင့်က ဆိုဖာလာထိုင်ရင်း ဒေါနဲ့မောနဲ့ပြောလာလေသည်။ ဦးသစ်မောင်ဘာမှ ပြန်မပြောမဖြစ်ပဲ ငြိမ်နေမိသည်။သားကိုအပြစ်မဆိုချင်၊ သားကိုမိမိတုန်းကလို ချုပ်နှောင်မခံစေချင်ပါ။ သားရဲ့အိမ်ထောက်ဖက်ကို လွတ်လပ်စွာ ရွေးစေချင်သည်။ မိမိမှားခဲ့ဖူးတဲ့ အမှားမျိုး သားကိုပါထပ်မမှားစေလိုတာက ဦးသစ်မောင်ရဲ့ စိတ်ရင်းဖြစ်သည်။

"ဟွန့်....မေမေအကြောင်းကို မင်းသိပါတယ်နော်သား....မေမေကတော့မြေးလေးကို မြေးမလေးခိုင်နဲ့ပဲသဘောတူတယ်...."

ဦးသစ်မောင် ဘာမှပြန်မပြောဖြစ်ပါ။ ဦူသစ်မောင်ခေါင်းထဲ ရှယ်ယာကိုထိန်းချုပ်ဖို့နဲ့ လုပ်ငန်းကိုခိုင်နွယ်ကျော်တို့နဲ့ မဟုတ်ပဲ အခြားလုပ်ငန်းရှင်တွေနဲ့ တွဲဖက်လုပ်ဖို့သာ အစီအစဥ်ဆွဲနေမိသည်။ သားတင်ပြထားတဲ့ ပရောဂျက်အသစ်ကိုလည်း ရင်းနှီးမြှပ်နှံမယ့် လုပ်ငန်းရှင်ရှာဖို့လည်း တစ်ပြိုင်တည်းစဥ်းစားနေမိသည်။ သားဖြစ်သူသာ ပရောဂျက်အသစ်အောင်မြင်ရင် ဦးသစ်မောင်ကုမ္ပဏီကို သားဖြစ်သူကိုပေးပြီး ရွာလေးတစ်ရွာမှာ အေးအေးဆေးဆေးနေဖို့ စိတ်ကူးရှိနေလေသည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ