Part-25

1.2K 123 12
                                    

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၂၅

ဦးဆန်းနိုင် ယာခင်းတွေကို လှည့်လည်စစ်ဆေးနေရသည်။ အဘမင်းအောင်က ဦးဆန်းနိုင်အား ကိုယ့်တူကိုယ့်သားတစ်ယောက်လို ချစ်ခင်ခဲ့တာကြောင့် ယာခင်းတို့ကို သမီးဖြစ်သူဆုံးသည့်တိုင် မြေးကိုမပေးပဲ သူစိမ်းဖြစ်သူ ဦးဆန်းနိုင်အားပေးခဲ့ခြင်းဖြစ်သည်။ ဦးဆန်းနိုင်သည်လည်း ယာလုပ်ငန်းများကို လုပ်ကိုင်လာခဲ့တာ နှစ်နှစ်ဆယ်ရှိပြီဖြစ်သည်။ ဒီရွာလေးနဲ့ဒီယာခင်းတို့ဟာ ဦးဆန်းနိုင်အတွက် ဒုတိယမွေးရပ်မြေလို့ပြောလို့ရသလို ဒုတိယအနွေးထွေးဆုံးနေရာလေးလို့ ပြောလို့ရသည်။

အတိတ်ကိုပြည်ဖုံး​ကားချပြီးနောက် ဘဝအသစ်ပြန်စခဲ့တဲ့ အသစ်တစ်ဖန်မွေးဖွားခဲ့ရာ မွေးရပ်​မြေဖြစ်သည်။ ဦးဆန်းနိုင် သေနပ်ခါးစိုက်ခင်းမှ အပင်တို့ကို အဘသောင်းစိန်ရယ် ယာစာရင်းငုားမောင်ဖေရယ်နဲ့အတူ ဆိုင်ကယ်တစ်ယောက်တစ်စီးဆီဖြင့် လှည့်လည်ကြည့်ရူနေကြသည်။ သေ နပ်ခါးပင်ကြီးတွေဟာ အဘမင်းအောင်တို့လက်ထက်ကတည်းက စိုက်ပျိုးခဲ့တဲ့ အပင်ကြီးတွေဖြစ်တာကြောင့် အနည်းဆုံးသက်တမ်း၄၀လောက်ဖြစ်နေပြီဖြစ်သည်။
ဦးဆန်းနိုင်ရွာကိုရောက်ပြီးနောက် အဘမင်းအောင်တို့ဆီမှာ အလုပ်လုပ်တုံးကလည်း သေနပ်ခါးပင်မ​ျားကို ယာတစ်ကွပ်မှာသီးသန့်စိုက်ခဲ့သေးသည်။ ထိုအပင်ကြီးတွေကတော့ နှစ်၂၀ရှိပြီဖြစ်သည်။ အဘမင်းအောင်ရှိတုံးကတော့ ယာလုပ်ငန်းကိုအဘကပဲ ဦးဆောင်ပြီးဦးဆန်းနိုင်ဘေးကနေကူညီပေးခဲ့ရသည်။ အဘနာမကျန်းဖြစ်တော့ ဦးဆန်းနိုင်ကပဲ လက်လွဲလုပ်ကိုင်ခဲ့သည်။ ယာခင်းတွေကများပြားလွန်းတာကြောင့် ဦးဆန်းနိုင်အရင်ကထက်တော့ ပိုအလုပ်များလာရသည်။ အလုပ်များရတဲ့ကြားထဲ သားဖြစ်သူဆန်းလင်းချိုကလည်း ဖခင်ဖြစ်သူကို ထားခဲ့ကာရန်ကုန်တတ်ပြီး မုန့်လုပ်သင်နေလေသည်။ သားကိုအချစ်လွန်သော ဦးဆန်းနိုင် တားမရတဲ့အဆုံး စိတ်ကျေနပ်အောင်လွှတ်လိုက်ရသည်။ သို့ပေမယ့် တစ်ရက်လေးတောင်စိတ်မချတာကတော့အမှန်ပေ ။ အဘမင်းအောင်ရှိရင်တော့ ဦးဆန်းနိုင်အလိုလိုက်မူ့ကြောင့် အဆူအဆဲခံရမှာသေချာသည်။ သားသည်ဦးဆန်းနိုင်နဲ့တူတာထက် အဘမင်းအောင်လိုတဇွတ်ထိုးဆန်သည်။သူအမေ ခင်ခင်နဲ့တူတာဖြစ်မည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now