Part-46

1.5K 105 6
                                    

ရေးပြီးသလောက်အကုန်တင်ပေးလိုက်ပါတယ်။ လိုင်းဘယ်ချိန်ပြန်ပျက်မလဲ မသိလို့ပါ။ စာမရေးဖြစ်တာ ဆ်ယရက်ကျော်နေပါပြီ။ ရေးချင်စိတ် သွင်းလို့ကိုမရလို့ပါဗျ။

#######

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၄၆

ဆန်းလင်းချို နေ့တိုင်းဖေဖေ့ကိုလွမ်းပါသည်။ သို့သော်ကို့ရဲ့ ဆုံးဖြတ်ချက်အဖြေကို သုံးရက်ထပ်မံပေးထားတာကြောင့် ဖေဖေ့ဆီမပြန်ဖြစ်ပါ။ စဥ်းစားဖို့သုံးရက်ရယ် အရင်တစ်ရက်ရယ်ဆိုရင် စုစုပေါင်းကို့တိုက်ခန်းမှာ နေတာ လေးရက်ပြည့်ပြီဖြစ်သည်။ ဒီနေ့က နောက်ဆုံးအဖြေရမည့်နေ့ဖြစ်သည်။ ကိုအလုပ်ကပြန်လာရင်တော့ ဖေဖေ့ကိုဘယ်လိုတောင်းပန်ရင် ခွင့်လွှတ်မည်ဆိုတဲ့ အဖြေကိုရမှာဖြစ်သည်။

သားတစ်ယောက်အနေနဲ့ ကိုယ့်အဖေကသူတစ်ပါးကို တောင်းပန်တာ မလိုလားပါ။ သို့ပေမယ့်လည်း အမှားလုပ်ထားရင်တော့ ကျေနပ်အောင် တောင်းပန်ရမည်။ မိမိလည်းဖေဖေနဲ့အတူ ကိုလိုချင်တဲ့ဘယ်တောင်းပန်မူ့ကို မဆိုတောင်းပန်မည်ဖြစ်သည်။ အမုန်းတို့ကြေဖျက်နိုင်ဖို့ ငရဲကြီးခံရမည်။ မတတ်နိုင်ပါ ဖေဖေ့ကိုလည်း နောင်တတရားတွေနဲ့ ဆက်မရှင်သန်စေလို၊ ကို့ကိုလည်း အမုန်းတရားတွေနဲ့ မရှင်သန်စေလိုတော့ပါ။

ဖေဖေုဆီဖုန်းခေါ်ရင်း ကိုအလုပ်ကပြန်အလာကိုစောင့်နေမိသည်။ ကိုကအလုပ်မသွားဖို့ လုပ်နေပေမယ့် လင်းချိုနေ့တိုင်းတွန်းအားပေးလွန်းလို့ တစ်နေ့ကစပြီး အလုပ်သွားခြင်းဖြစ်သည်။ ဖေဖေဆီကိုလည်း တစ်နေ့ကအကြိမ်ကြိမ်ဖုန်းဆက်ပေမယ့် ဖေဖေဖုန်းမကိုင်ပါ။ ဖေဖေက လင်းချိုအား တကယ်ပဲစွန့်ပစ်လိုက်ပြီလား စသည့်ခြောက်ခြားဖွယ်ရာ အတွေးဆိုးတွေ ဆက်တိုက်တွေးနေမိသည်။ယနေ့လည်းမနက်တည်းကခေါ်တာ ညနေစောင်းသည်အထိ ဖေဖေဖုန်းမကိုင်ပါ။

"တီး....တောင်....တီးးး...တောင်..."

ဘဲလ်သံကြားလိုက်တော့ ကိုပြန်လာပြီဆိုတာသိလိုက်ရသည်။ သို့သော်လည်း အိမ်တံခါးမှအပေါက်ငယ်လေးကနေ အပြင်ကိုချောင်းကြည့်လိုက်မိသည်။ ဒါကလည်းကိုက လူစိမ်းလား သိအောင်လုပ်ခိုင်းထားလို့ဖြစ်သည်။ လေးရက်အတွင်း ကို့ကအကျင့်အတော်များများကို လုပ်ပေးထားသည်။ အပေါက််ငယ်ကကြည့်လိုက်တော့ ရှပ်အင်္ကျီအပြာကိုခေါက်တင်ထားပြီး၊ စတိုင်ပင်မီးခိုးနဲ့ ညာလက်မှာ မီးခိုးရောင်ကုတ်တစ်ထည်ကိုတင်ထားပြီး၊ ဘယ်လက်မှာအမဲရောင်လက်ဆွဲအိတ်ကို ကိုင်ထားသော လူတစ်ယောက်ဖြစ်သည်။ မနက်ကကိုဝတ်သွားတဲ့ အဝတ်တွေဆိုတာ သိနေတာကြောင့် ထိုလူဟာကိုဆိုတာမျက်နာမမြင်ရလည်း သိလိုက်သည်။ လင်းချိုတံခါးကိုဖွင့်ပေးလိုက်တော့ ကိုကပြုံးကာကြည့်နေသည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now