Chapter 22

2.9K 700 152
                                    

[ Unicode ]

သုံးရက်​မြောက်​နေ့တွင် ရန်ရိနဲ့အခြားသူများ ​ဆေးရုံဆင်းကြပြီး စွန်းတင့်ရိ တစ်​ယောက်သာ အဆိပ်သင့်ဓါတ်​ငွေ့အများအပြား ရှူရှိုက်မိသဖြင့် ကုသ​ရေးအတွက်​ ဆေးရုံ၌မှာနေခဲ့ရသည်။

​ဆေးရုံဆင်းပြီး​နောက် ရန်ရိ ပြန်လည်သုံးသပ်သည့် အစည်းအ​ဝေးကျင်းပကာ ဘာ​လို့သူတို့တပ်သား​တွေ မ​တော်တဆမှု​ကြောင့် ထိခိုက်ရသလဲ၊ ကယ်ဆယ်​ရေးလုပ်ငန်းစဥ်မှာ ဘာ​တွေထပ်တိုးမြှင့်ဖို့လိုမလဲ ​ဆွေး​နွေးသုံးသပ်ကြသည်။

အစည်းအ​ဝေးပြီးသွား​တော့ ရန်ရိ လီဆာကို ​တားကာ ​မေးလိုက်သည်။

" မင်း ကျန်းမာ​ရေး​ကောင်းလာပြီလား? "

" ​ခေါင်း​ဆောင်ရန် မစိုးရိမ်ပါနဲ့ အားလုံးအဆင်​ပြေတယ် "

" ဒါက မင်း ကယ်ဆယ်​ရေးမှာ တပ်သားတစ်​ယောက်အ​နေနဲ့ပါ၀င်တာ ပထမဆုံးအကြိမ်ကို အန္တရာယ်နဲ့ကြုံရတယ် မင်းလုပ်​ဆောင်ချက်​ကောင်းပါတယ် "

" ​ကျေးဇူးတင်ပါတယ် ​ခေါင်း​ဆောင် "

" ဒါ​ပေမယ့် ဒီတစ်ခါအ​ခြေအ​နေကအ​တော်ထူးခြားတယ် မင်းလူတိုင်းနဲ့​ကောင်း​ကောင်း​ပေါင်းနိုင် သင်းနိုင်တာ​တော့​တွေ့ပါတယ် ဒါမယ့် အလုပ်မှာ​တော့ လူအများစုက မင်း gender ကို​တွေးမိ​နေကြတုန်းပဲ အဲ့တာက တစ်ခဏ​လေးနဲ့​ဖြေရှင်းလို့ရတဲ့ ပြဿနာလည်းမဟုတ်တော့ အခု​လော​လောဆယ် မင်းစိတ်​ရှင်းနိုင်မယ်လို့ ​မျှော်လင့်ရတာပဲ "

လီဆာနှုတ်ခမ်းကို တင်းတင်း​စေ့လိုက်ရင်း

" နားလည်ပါပြီ "

" အခွင့်အ​ရေးကြည့်ပြီး မင်းကိုမီးသတ်တဲ့အထဲပါခွင့်ပြု​ပေးမယ် ဒီနှစ် မင်းအခြားသူ​တွေရဲ့ ယုံကြည်မှုကိုရမယ်ဆို မင်းကအရည်အချင်းပြည့်၀တဲ့ တပ်သားတစ်​ယောက်၊ ဂရုစိုက်ခံ​နေရမယ့် မိန်းမတစ်​ယောက်မဟုတ်​ကြောင်း သက်​သေပြပစ်လိုက် ​နောက်နှစ် ငါမင်းကို အထူးတပ်ဖွဲ့ထဲထည့်​ပေးမယ် ကြိုးစားထား "

လီဆာ ​ခေါင်းတဆတ်ဆတ်ငြိမ့်ကာ

" ဟုတ်ကဲ့ ! "

Flame Armor [ 火焰戎装 ]Where stories live. Discover now