Chapter 38

2.4K 606 48
                                    

{ Unicode }

ကုံးရင့်ရှန် ပြောလိုက်သည်။

" ငါ့မေးခွန်းတွေ ထပ်ဖြေ "

ကျိုးချွမ်းက တီးတိုးပြောလာသည်။

" ကျွန်တော် ကားမီးရှို့တဲ့သူကိုရော၊ ကားပိုင်ရှင်ကိုရော မသိဘူး "

"မင်း ကားမီးရှို့ဖို့ကိစ္စကိုဘယ်လို သဘောတူလိုက်တာလဲ? အဲ့အကြောင်း အစအဆုံးပြောရအောင် "

" ဒီတိုင်း.... Seraph မှာပဲ။ လူတစ်ယောက်က ကားမီးရှို့ဖို့ အချိန်နဲ့နေရာကိုပို့စ်တင်လိုက်တယ်၊ ကျွန်တော် ကံစမ်းကြည့်လိုက်တာ...."

" ချီး! "

ရန်ရိ ဆဲရေးလိုက်သည်။

ကျိုးချွမ်းက လက်တွေကို သူ့မျက်နှာရှေ့မှာ သတိလက်လွတ် ပိတ်ကာလိုက်ပြီး၊ နောက်တွန့်သွားကာ တကယ်ကို ကြောက်လန့်နေသည်။

ကုံးရင့်ရှန် ကျိုးချွမ်းကို အေးအေးစက်စက်ကြည့်လိုက်ပြီး

" ဖိုရမ်ထဲက ပို့စ်အားလုံးက သူတို့ကိုယ်ပိုင်အချက်အလက်တွေကို ဖုံးကွယ်ထားဖို့ပဲ၊ ဘယ်သူမှ ပြစ်မှုအချိန်နဲ့ နေရာကို ရူးနှမ်းပြီးရေးပြထားဖို့မဖြစ်နိုင်ဘူး၊ ကြည့်ရတာ မင်းငါခုနကပြောတာကို နားမထောင်ဘူးပဲ "

ကျိုးချွမ်း တုန်တက်သွားသည်။

" လူတစ်ယောက် ကျွန်တော့်ကို သီးသန့်စာ လာပို့တာ.... "

" အဲ့ စာဘယ်မှာလဲ၊ ဘယ်သူပို့တာလဲ၊ ဘာအကြောင်းအရာလဲ? "

" ကျွန်တော် ဖတ်ပြီးတော့ ဖျက်လိုက်တယ်၊ အဲ့တာက အချိန်နဲ့နေရာပဲ၊ ပို့စ်နဲ့ သီးသန့်စာတွေက အမည်မသိနိုင်ဘူး "

ကျိုးချွမ်း အသံကိုပိုတိုးပြီး ပြောလာသည်။

ကုံးရင့်ရှန် မျက်လုံးမှေးကြည့်လိုက်ပြီး

" မင်း 'မသိတဲ့' သူကို ကယ်ချင်တာသေချာလား? ငါတို့ သူကို့ဖမ်းမရရင် မင်းပဲအားလုံးတာဝန်ယူရမယ် "

ကျိုးချွမ်း ကုံးရင့်ရှန်ကို ချောင်းကြည့်လိုက်ပြီး

" ကျွန်တော်၊ ကျွန်တော်မလုပ်ဘူး၊ ဒီတိုင်း ဒီတိုင်း မှတ်တမ်းတင်ရုံပဲ "

Flame Armor [ 火焰戎装 ]Where stories live. Discover now