Chapter 25

2.3K 479 14
                                    

{ Unicode }

ဝမ်ရွမ့် ရပ်ကွက်မှမီးလောင်မှုအား ည ၈ နာရီအချိန်၌ ငြှိမ်းသတ်နိုင်ခဲ့သည်။

အိုင်းတပ်ဖွဲ့ရဲ့ သူရဲကောင်းဖြစ်သော ကျိုးယင့်အား သယ်ထုတ်လာသည့်အချိန် စိတ်ဓာတ်ကျဖွယ်ငိုညည်းသံတို့ထွက်ပေါ်လာခဲ့၏။ မီးသတ်ရာတွင်ပူးပေါင်းဆောင်ရွက်ခဲ့ကြသော သူရဲကောင်းများကတော့ ရှေ့ရောနောက်ရော မီးသင်းခံထားရပြီး မျက်နှာတစ်ပြင်လုံးညစ်ပေပွကာ ခန္ဓာကိုယ်များက နွမ်းဖလပ်နေလျက်၊ သူတို့ရဲ့ တပ်ဖွဲ့သားအားကြည့်နေကြလေသည်။

သတင်းကြားပြီးသည်နှင့် ဟုန်းဝူဌာနချုပ်၏တပ်စုမှူးဖြစ်သော ချန်းရှောင်ဖေး၊ (ပြည်ထဲရေးနှင့်ဆက်သွယ်ရေးကော်မတီ )နှင့် တာဝန်ကျတပ်ဖွဲ့ခေါင်းဆောင်များအားလုံး အခင်းနေရာသို့ပြေးလာကြသည်။

ချန်းရှောင်ဖေးက လေးနက်စွာ အော်လိုက်၏။

" အလေးပြု-----"

တပ်သားများ တစ်ယောက်ပြီးတစ်ယောက် ညာလက်ကိုမြှောက်လိုက်ကြရင်း အခင်းနေရာရှိ မီးသတ်ကား ၉စီးတို့သည်လည်း တစ်ပြိုင်နက်တည်း ဟွန်းတီးကြ‌တော့သည်။

ထိုဟစ်ကြွေးသံကား ညကိုပို၍ပင် နက်ရှိုင်းသွားစေ၏။

ချန်းရှောင်ဖေးက မီးလောင်သည့်အခင်းနေရာအား ရှင်းလင်းရန် အခြားတပ်ဖွဲ့တစ်ဖွဲ့ကိုလွှဲပြောင်းတာဝန်ပေးလိုက်ပြီး မီးငြိမ်းသတ်ရာတွင်ပါဝင်သူများကတော့ အိမ်ပြန်နားကြရသည်။

မီးသတ်ကားများ တစ်စီးပြီးတစ်စီးထွက်သွားကြသော်လည်း ရန်ရိကတော့ အလျင်မလိုဘဲ ချန်းရှောင်ဖေးဆီသို့ လျှောက်သွားသည်။

" ခေါင်းဆောင်ချန်း "

ချန်းရှောင်ဖေးက ခေါင်းငြိမ့်ရင်း " ကျေးဇူးပဲ "

ရန်ရိ ချန်ရှောင်ဖေးမျက်လုံးများထဲ စိုက်ကြည့်ကာ :

" ခေါင်းဆောင်ချန်း, အဖွဲ့မှူးရွှီနဲ့ ခေါင်းဆောင်ချန်တို့ အမိန့်ပေးခဲ့တာက ဘာပြဿနာမှမရှိပါဘူး "

ချန်းရှောင်ဖေးက ခေါင်းလှည့်ကာ အကွာအဝေးတစ်ခုစီလှမ်းရင်း :

Flame Armor [ 火焰戎装 ]Where stories live. Discover now