Chapter 105

3.5K 808 83
                                    

Thu, Oct 28, 2021

====

[ UNICODE ]

ကုံးရင့်ရှန် ကားကို စခန်းရှေ့မှာ ဖြေးဖြေးချင်း ရပ်လိုက်သည်။

ရန်ရိ ထိုင်ခုံခါးပတ်ကို ဖြည်းဖြည်းဖြုတ်လိုက်ပြီး၊ နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် လှမ်းခိုးကြည့်လိုက်ကြပေမယ့် တစ်ယောက်မှ စကားမပြောပေ။

ကားထဲမှာ တိတ်ဆိတ်မှုက အနည်းငယ် နေရထိုင်ရခက်တာမို့၊ ရန်ရိ ပြောလိုက်သည်။

" အဲ့တာဆို.....ငါသွားရတော့မလား? "

ကုံးရင့်ရှန် စကားပြောမလာသေးပေမယ့်၊ ဘေးမှာဒီတိုင်းချထားတဲ့ လက်က ရန်ရိလက်မှာတင်ထားတဲ့ ကုတ်အင်္ကျီအစွန်းစကို တိတ်တဆိတ်လှမ်းဆွဲလာသည်။

ရန်ရိ ကားတံခါးလက်ကိုင်ကို ဆုပ်ကိုင်ထားရင်း၊ အကြိမ်အတော်များများ တွန့်ဆုတ်နေပြီးနောက်၊ သူနောက်ဆုံး ထိန်းမနေနိုင်တော့ဘဲ၊ မေးလိုက်သည်။

" မင်းအပေါ်မှာ မြောင်မြောင်ကိုလိုက်ကြည့်ချင်လား? "

" အင်း "

ကုံးရင့်ရှန် အမြန်ပဲ ပြန်ဖြေလာသည်။

စခန်းက မီးပိတ်ချိန် ကျော်လွန်သွားပြီဖြစ်တာကြောင့်၊ တံခါးမှာရှိတဲ့ အစောင့်ကလွဲပြီး၊ လမ်းတစ်လျှောက်လုံး ဘယ်သူနဲ့မှ မတွေ့ဆုံရပေ။ အိမ်ရာဆောင်ထဲ လျှောက်ဝင်သွားကြတော့၊ ဖီးနစ်က ရုတ်တရက် လှေကားအောက်ကနေ ပြေးထွက်လာပြီး၊ အမွှေးများ ခါယမ်းကာ သူတို့နှစ်ယောက်ကို စူးရဲသောမျက်လုံးများဖြင့် ကြည့်လာသည်။

ရန်ရိ "ရှူး" လို့ လက်ဟန်ပြ‌လိုက်ပြီး၊ " သွားပြန်အိပ်ချေ "

သူတို့နှစ်ယောက် အပေါ်ထပ်တက်မယ်လုပ်တော့၊ လှေကားအောက်ကနေ မြှောင်ဆိုတဲ့ အသံကြားလိုက်သည်။

သူတို့ ဖီးနစ်ရဲ့အသိုက်ကို လှေကားအောက်မှာ ထားပေးခဲ့ပြီး၊ ဒီရက်ပိုင်း သူမြောင်မြောင်နဲ့ ရင်းနှီးလာတော့သည်။

ရန်ရိအဲ့ဒီ့ကိုကြည့်လိုက်တော့၊ မြောင်မြောင်က သူ့အသိုက်ထဲမှာ လှဲရင်း၊ ပျင်းပျင်းရိရိနဲ့ လက်သည်းတွေ ဆွဲဆန့်‌နေသည်။ သူပြုံးလိုက်ပြီး၊ " မင်းအိပ်ဖို့နေရာသစ် ရှာတွေ့သွားပြီမလား? "

Flame Armor [ 火焰戎装 ]Where stories live. Discover now