Chapter 100 🔞

8.4K 955 180
                                    

Tue, Oct 19, 2021

‼️SEX WARNING‼️

🔞18+ Mature content🔞

🚩Underages should ignore this content🚩

=====

ရန်ရိအမြဲတမ်း ကုံးရင့်ရှန်ရဲ့အသံကို သဘောကျသည်။ ဒီအသံမှာ အေးစက်မှုနဲ့ ထူးကဲကောင်းမွန်မှုဆိုသော-- ကွဲလွဲတဲ့အရည်အသွေးနှစ်ခု ပေါင်းစပ်ထားသည်။ တကယ်လို့ လူကိုမကြည့်ရင်တောင် ခမ်းနားထည်ဝါမှုကို အပြည့်အဝခံစားနိုင်ပါ၏။

အခု ဒီအသံက ရန်ရိနားထဲ၌ ဖြည်းဖြည်းချင်း သာယာနာပျော်ဖွယ်ကောင်းစွာ သီကျူးနေသည်။ ကုံးရင့်ရှန် ဘာဖတ်တယ်ဆိုတာ အရေးမပါသလို၊ သူလည်း လုံးဝနားမထောင်ပါချေ။ သူဒီတိုင်း အသံကို သူ့နားစည်ထဲ အကြောင်းမဲ့သက်သက်သာ စီးဝင်စေပြီး၊ သူ့ခန္ဓာကိုယ်က ပေါ့ပါးလူးလွန့်နေသလို ခံစားရလျက်၊ တစ်ဖန် အနည်းငယ်လေး ယားကျိကျိဖြစ်နေပြန်သည်။

ကံမကောင်းစွာ၊ ကုံးရင့်ရှန်ဖတ်နေတာ သိပ်မကြာခင်မှာပဲ၊ သူ့ဖုန်းထပ်မြည်လာပြီး၊ ရန်ရိရဲ့ ရှားရှားပါးပါး ကြည်နူးမှုလေးကို ဖျက်ဆီးပစ်လိုက်တော့သည်။

ရန်ရိ နည်းနည်းစိတ်ပျက်သွားပြီး၊ ကုံးရင့်ရှန်ကတော့ သူ့ဆီ စာအုပ်ထားခဲ့သည်။

" ကျွန်တော် ခဏနေပြန်လာမယ် "

ဒီတစ်ခါ ဆိုင့်ချောင်ဆီမှ ခေါ်ဆိုခြင်းဖြစ်ပြီး၊ သူတို့နှစ်ယောက် အမှုကိစ္စ ဆွေးနွေးရင်း၊ ဖုန်းခေါ်ဆိုမှုက တစ်နာရီကျော်ကြာမြင့်သွားသည်။

ကုံးရင့်ရှန် ပြန်လာတော့၊ ရန်ရိထပ်အိပ်ပျော်သွားတာ တွေ့လိုက်ရသည်။ အဖျားရှိတဲ့သူက အရမ်းအိပ်ငိုက်ပြီး၊ မနေ့ညက အားအင်ကုန်ခမ်းတဲ့အခြေအနေ ရောက်ခဲ့တယ်ဆိုမှတော့ ပြောနေစရာမလိုတော့ပေ။

ကုံးရင့်ရှန် ရန်ရိကို စောင်ခြုံပေးလိုက်ပြီး၊ တစ်ခဏမျှ စိတ်ရှည်လက်ရှည်ငေးကြည့်ပြီးနောက်၊ ခေါင်းငုံ့ကာ၊ ချောမွေ့ကျယ်ပြန့်သော နဖူးပြင်ပေါ်သို့ အနမ်းဖွဖွခြွေလိုက်သည်။ သူ ရန်ရိနဲ့ ဆက်အိပ်ချင်သေးပေမယ့်၊ ရန်ရိနိုးလာရင် တွေ့သွားမည်စိုးသောကြောင့်၊ သူအခန်းဆီ ပြန်သွားရပြီး၊ ရေချိုးကာ၊ အနားယူဖို့ လုပ်လိုက်သည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now