Chapter 62

2.6K 614 27
                                    

Wed, Aug 25, 2021

{ UNICODE }

ရန်ရိ စားသောက်ပြီးတော့ ဌာနချုပ်ကိုအပြေးသွားသည်။ သူ ချန်းရှောင်ဖေးကို သတင်းပေးရမလား၊ မပေးရမလားဆိုတာ တွေဝေနေဆဲဖြစ်ပေမယ့် ချန်းရှောင်ဖေးက အစည်းအဝေးတစ်ခုသွားတက်တော့ သူ့အတွက် အကြောင်းပြချက်တစ်ချို့ ရသွားသည်။

ရန်ရိ သူလိုချင်တဲ့ မတော်တဆမှုအစီရင်ခံစာ၂ခုကို သိမ်းဆည်းထားတဲ့နေရာမှာ ရှာတွေ့သည်။ ဒီဖိုင်တွေကို လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က အီလက်ထရောနစ်ဖိုင်အဖြစ် အရံကူးထားခဲ့ပေမယ့် မူရင်းဖိုင်ကိုလည်း မဖျက်ဆီးခင် နှစ်၂၀ ကြာတဲ့အထိ ထိန်းသိမ်းထားရဦးမှာဖြစ်သည်။ ရန်ရိ ဖိုင်တွေပေါ်က လက်ရေးကိုကြည့်လိုက်တော့ တစ်စိတ်တစ်ပိုင်းက သူ့အဖေလက်ရေးဖြစ်ပြီး သူနဲ့အရမ်းရင်းနှီးနေသည်။

ရန်ရိ မူရင်းဖိုင်နဲ့ အီလက်ထရောနစ်ဖိုင်ကို ယှဥ်ကြည့်လိုက်တော့ ဓာတ်ပုံထင်သာမှုက အကောင်းဆုံးမဖြစ်တာ တွေ့လိုက်ရသည်။ ၎င်းကလွန်ခဲ့တဲ့နှစ်တွေမှာ ရိုက်ခဲ့တဲ့အချိန် အလင်းရောင်၊ ‌ရှုထောင့်နဲ့ Camera pixel တွေပေါ်မူတည်နေပြီး ဓာတ်ပုံဆရာရဲ့ အာရုံစူးစိုက်မှုအပေါ်လည်း မူတည်သည်။ စာရွက်ဖြတ်ပိုင်းထောင်ချီကို တစ်ခုချင်းသေချာ
ရွေးထုတ်ဖို့ မဖြစ်နိုင်ပါပေ။

[T/n : camera pixel ဆိုတာက ဒီလိုဟာလေး >

[T/n : camera pixel ဆိုတာက ဒီလိုဟာလေး >

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

]

အချက်အလက်ကိုယ်တိုင်က ဟောင်းနွမ်းနေတာဖြစ်ပြီး ပြန်ပုံဖော်ဖို့သာအာရုံမစိုက်ရင် ဓာတ်ပုံဟောင်းတွေမှာ သဲလွန်စအများကြီး ပျောက်နေလိမ့်မည်။ အဲ့တာကြောင့် ရန်ရိ ဓာတ်ပုံဒေတာတွေကို SLR နဲ့ ဓာတ်ပုံသေချာရိုက်ပြီး အီလက်ထရောနစ်ဖိုင်တွေကိုတော့ မိတ္တူကူးလိုက်သည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now