Chapter 63

2.9K 656 58
                                    

Thu, Aug 27, 2021

{UNICODE}

အဲ့ဒီ့အချိန် ကုံးရင့်ရှန်ဒေါသကို ရန်ရိအပြည့်အဝ နားလည်နိုင်ပြီး သူနှစ်သိမ့်ပေးလိုက်သည်။

" ရင့်ရှန်၊ စိတ်လျှော့ ၊ မင်းအခင်းနေရာမှာလား? "

" ကျွန်တော် အခင်းနေရာကို အပြေးသွားနေတယ် "

ကုံးရင့်ရှန်အသံက ဆက်၍တုန်ယင်နေဆဲဖြစ်ကာ

" ခင်များရော? "

" ငါလည်း လမ်းမှာပဲ၊ မင်းအခင်းနေရာက အခြေအနေကို သိလား? "

" ပေါက်ကွဲတဲ့နေရာက ကျိုးချွမ်းလူနာဆောင်ဆိုတာပဲ သိတယ် "

ကုံးရင့်ရှန် ပင့်သက်ကြမ်းကြမ်းရှိုက်ပြီး အံကြိတ်လိုက်သည်။

" အခု အနောက်ဘက်ဆောင် ပြိုကျသွားပြီ၊ ကျိုးချွမ်းလည်း အသက်ရှင်ဖို့ အခွင့်အရေးမရှိသလောက်ပဲ၊ ဒီမျိုးမစစ်....လူယုတ်မာတွေ....."

သူတို့အခုမှ လူယုတ်မာအဖွဲ့အစည်းထဲက ဝေဝါးဝါးအရိပ်လေးကို ဖြတ်ခနဲဖမ်းမိလိုက်ရုံရှိသေး၊ တစ်ဖက်လူကတော့ လူတောင်သတ်နေပြီ။ ကျိုးချွမ်းက ဒီဇာတ်ခုံပေါ်မှာ အကြီးဆုံးလမ်းစဖြစ်နိုင်ပြီး သူ့သေဆုံးမှုက ကုံးရင့်ရှန်အတွက် တွန်းလှန်မှုကြီးဖြစ်သည်။ ထပ်ပြီးတော့ ၎င်းက အပြစ်မဲ့သူတွေကိုပါ ထိခိုက်စေ၏။

" သူတို့ ဒီလိုတောင်လုပ်ရဲတယ်၊ နံရံ‌ပေါ်ခုန်တက်ဖို့ လောနေတာပဲ၊ စီစဉ်ချိန်ကအရမ်းတိုပြီး လစ်ဟာချက်တွေ အများကြီးရှိလိမ့်မယ် "

ရန်ရိ လေသံအနေအထားတစ်ခုဖြင့် ‌နှစ်သိမ့်ပေးလိုက်သည်။

" မစိုးရိမ်ပါနဲ့၊ မင်းသူတို့ကိုဖမ်းမိဖို့ ခြေတစ်လှမ်းနီးလာပြီ "

ကုံးရင့်ရှန်က အသက်ပြင်းပြင်းရှူလိုက်ပြီး

" ခင်များ အဲ့ဒီကိုရောက်ဖို့ ဘယ်လောက်ကြာမလဲ? "

" ခြောက်မိနစ်၊ ခုနစ်မိနစ်လောက်ပေါ့၊ မင်းရော? "

" ကျွန်တော်လည်း အတူတူလောက်ပဲ "

ကုံးရင့်ရှန် တုံ့ဆိုင်းသွားပြီး

" ဖုန်းမချနဲ့ "

Flame Armor [ 火焰戎装 ]Where stories live. Discover now