Chapter 48.2

2.4K 578 64
                                    

Wed, Aug 11, 2021

{ Unicode }

သူ‌တို့သုံးယောက် အများကြီးဆွေးနွေးကြရင်း နောက်ဆုံး Seraph ဆီစကားရောက်သွားသည်။

" ရှောင်ထန်ပြောတာတော့ အဲ့ဒီ့ website မှာ အရင်တည်ထောင်သူရှိတယ်တဲ့၊ လွန်ခဲ့တဲ့နှစ်အတော်ကြာတုန်းက U.S တရားရေးရာဌာန ရှင်းလင်းတာခံလိုက်ရပြီး အရင်နှစ်နှစ်လောက်ကမှ ပြန်ပေါ်လာတာ၊ Website နောက်ကွယ်မှာ တရုတ်မှာ အချိတ်အဆက်ရှိပြီး active ဖြစ်တဲ့ user အဖွဲ့အစည်းရှိတယ်၊ အရေအတွက်က‌ ကျွန်မတို့ထင်တာထက်များလောက်တယ်၊ ရှောင်ထန် အင်တာနက်ပေါ်က ရှာတွေ့ထားတဲ့ သတင်းတွေလည်းရှိသေးတယ် "

ကုံးရင့်ရှန် ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး

" ကျွန်တော်တို့ ကျိုးချွမ်းနဲ့ ချန်ဖေ့ကိုမိထားပြီးဆိုကတည်းက website က အချက်အလက်အများကြီး ပေါ်သွားပြီ၊ ပြီးတော့ ကျွန်တော်တို့ လူတွေပိုရှာနိုင်ဖို့ နွယ်ကြိုးအတိုင်းလိုက်ရမယ် "

" ငါဒါကို သံသယမရှိပါဘူး ဒါပေမယ့် နည်းနည်းစိုးရိမ်တယ် "

ချိုးယန် မျက်မှောင်ကြုတ်သွားသည်။

" မင်းတို့ကိုယ်ရေးရာဇဝင်တွေ ‌ပြန့်သွားတယ်၊ အမှုတိုးတက်လာတာနဲ့အမျှ မင်းတို့လုံခြုံရေးကို စိုးရိမ်တယ်၊ မင်းတို့တစ်ခုခုသတိထားမိရင် ငါ့ကိုပြောရမယ်နော်၊ မင်းတို့ကိုကာကွယ်‌ဖို့ ရဲတွေလွှတ်ပေးမယ် "

[ T/n : ချိုးယန် ကုံးရင့်ရှန်ကိုပြောရင် ရင်းနှီးတာမို့ မင်းနဲ့ငါ သုံးထားတယ်၊ ဘေးလူနဲ့ဆိုရင်တော့ ကျွန်မ* ပဲသုံးပါတယ် ]

" ကောင်းပြီ "

သူတို့ ထပ်ဆွေးနွေးကြသည်။ ဦးလေးရှန့်ကလည်း နေ့လယ်စာပြင်ပြီးတော့ သူတို့ကို ထမင်းစားဖို့လာပြောသည်။

ချိုးယန်က ခါးဆန့်ပြီးပြောသည်။

" ရှင်တို့မြန်မြန်လာခဲ့ကြ "

ပြောပြီးတော့ ဦးလေးရှန့်နဲ့စကားပြောကာ ပြုံးရင်းထွက်သွားသည်။

" လာ "

ကုံးရင့်ရှန်က သူထုတ်ထားတဲ့ပစ္စည်းတွေကို စုစည်းရင်းပြောလာသည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now