Chapter 45

2.9K 694 86
                                    

{ Unicode }


ရန်ရိ ကုံးရင့်ရှန်အတွက် ရေတစ်ခွက်ငှဲ့ပေးပြီး ဘေးမှာ ငြိမ်ငြိမ်လေး အဖော်ပြုပေးလိုက်သည်။

သူတို့နှစ်ဦး စစ်မေးခန်းထဲမှာပဲ ရှိနေဆဲ‌ဖြစ်ကာ ကုံးရင့်ရှန်က ကုလားထိုင်မှာထိုင်ရင်း အချိန်အကြာကြီး နှုတ်ဆိတ်နေသည်။ တစ်ခါသုံး စက္ကူခွက်လေးက သူ့လက်ကို သာမန်ထက်လွန်ကဲစွာ ကြီးနေစေသော်လည်း ရန်ရိ ထိုခန္ဓာကိုယ်အကြီးကြီးထဲမှာ တစ်ခုဖုံးကွယ်ထားတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ဆယ်ရှစ်နှစ်တာလုံး တကယ်ထွက်‌‌မလာခဲ့တဲ့ အရိပ်ငယ်တစ်ခု အတွင်းပိုင်းမှာ နစ်မြုပ်နေ၏။

ကုံးရင့်ရှန် လက်ကိုခပ်တောင့်တောင့် မြှောက်လိုက်သည်၊ သူ့လက်ထဲမှာ ခွက်တစ်ခုရှိတယ်ဆိုတာ ခံစားသိစေဖို့သာ။ သူခွက်ကို စားပွဲပေါ်ချလိုက်ပြီး အသက်ပြင်းပြင်းရှူကာ ရေရွတ်လာသည်။

" ဘာလို့ ခင်များအမြဲတမ်း ကျွန်တော့်ကို ဒီလိုချည်းပဲ တွေ့နေရတာလဲ ? "

သူလူတွေရှေ့မှာဆို အချိန်တိုင်းလိုလို တည်ငြိမ်ပေမယ့် ရန်ရိရှေ့မှာဆိုရင်တော့ အကြောင်းပြချက်အမျိုးမျိုးကြောင့် အချိန်တိုင်းလိုလို သူထိန်းချုပ်မှုလွတ်သွားရသည်။

ရန်ရိ သူ့ကို ညင်သာသောအသံဖြင့် နှစ်သိမ့်လိုက်သည်။

" ငါတို့က သူငယ်ချင်းတွေမိုလို့လေ၊ သူငယ်ချင်းဆိုတာ တစ်ယောက်ကိုတစ်ယောက် မတူညီတဲ့ဘက်ခြမ်းကို ပြတတ်ကြတယ် "

" တကယ်ပဲ....."

ကုံးရင့်ရှန် နဖူးရှေ့က ဆံဖျားစတွေကို လက်နဲ့ သပ်တင်လိုက်တော့၊ ချွေးနဲ့ရွှဲနေတဲ့ဆံသားတွေက ဆံပင်တွေနဲ့ကပ်သွားပြီး ချောမွေ့သောနဖူးပြင်ကျယ်ကို ပုံပေါ်လာစေသည်။

" ခင်များကျွန်တော့်ကို မေးစရာမေးခွန်းအများကြီး ရှိနေလား? "

" မင်းပြောချင်ရင် ငါနားထောင်ရတာသဘောကျပါတယ်၊ ဒါပေမယ့် ငါမင်းကို မတိုက်တွန်းဘူး "

ကုံးရင့်ရှန် ရန်ရိကို ကြည့်ဖို့ ခေါင်းမော့လာပြီး သူ့မျက်လုံးများက ဗလာသက်သက်ဖြစ်နေသည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now