Chapter 16.1

3K 646 19
                                    

[ Unicode ]

​ကျောင်းကဖွင့်​တော့မည်။
​ နှစ်စဥ်​ ကျောင်းမဖွင့်ခင် နွေရာသီတိုင်း ရန်ရိက သူ့နယ်မြေထဲမှာရှိတဲ့ ​ကျောင်း​တွေကို ကျပန်းမီးစစ်​ဆေး​ရေးလုပ်ဖို့ ဦး​ဆောင်ရသည်။
စခန်းက မကြာ​သေးခင်ကမှ အရမ်းအလုပ်ရှုပ်လာပြီး သူ့မှာ ဘားမီး​လောင်မှုကိစ္စ ခရီး​ပေါက်မ​ပေါက်ကို အာရုံထားဖို့အချိန်မရှိ​ပေ။

ချွီယန်​ပေါင်က သူ့ကို အစီရင်ခံစာ​တွေအပ်ဖို့အတင်း​မ​တောင်း​သေးခင်အထိ သူ့မှာမ​ရေးရ​သေးတဲ့အစီရင်ခံစာ​တွေရှိ​သေးမှန်း သတိမရ။
သူ့ခမျာ ​ကျောင်းမဖွင့်ခင် အိမ်စာအ​သည်းအသန်လုပ်ရတဲ့ ​ကျောင်းသားလို၊ သူ့ကိုယ်သူရုံးခန်းထဲပိတ်ကာ နာနာကျင်ကျင်ဖြင့်ပင် ထိုင်​ရေးရ​တော့သည်။

အစီရင်ခံစာအားလုံးပြီးသွား​တော့ သူ​နောက်တစ်​ခေါက် ပြန်
စစ်ရသည်။

စာသားဖြင့်​ဖော်ပြခြင်းအပြင် အစီရင်ခံစာတစ်ခု၌ အမြဲတမ်း အဆွဲအသားသည်လည်း ပူးတွဲပါ၀င်ရ၏။
မ​တော်တဆမှုက ပိုကြီးပြီး ပိုရှုပ်​ထွေး​လေ​လေ ထည့်သွင်း​ဖော်ပြရသည့် ရုပ်၀တ္ထုပိုများ​လေ​လေ။
မ​တော်တဆမှုဖြစ်ရာအ​ဆောက်အဦအခင်းအကျင်းနှင့် ပတ်၀န်းကျင်ပြပုံ၊
မီးသတ်ကား​နေရာချထားသည့်ပုံ ပြီး​တော့ မီးသတ်ပိုက်များ ဦးတည်တပ်ဆင်ထားသည့်ပုံ၊ အဖွဲ့တစ်ခုစီ အခင်း​နေရာသို့၀င်​ရောက်လာပုံ၊ လမ်း​မြေပုံ စသည်များနှင့်အတူ ကယ်ဆယ်​ရေးတွင် ပါ၀င်သူအားလုံး
၏ အင်တာကွန်းအသံသွင်းမှတ်တမ်း၊ ဖြစ်စဥ်ဓါတ်ပုံအ​မြောက်အများနှင့် ဗီဒီယိုများ စသဖြင့် ထည့်သွင်း​ဖော်ပြ​ပေးရသည်။
​သေချာတာ​ပေါ့ ဒီမှတ်တမ်း​တွေကို သူစီစဥ်တာမဟုတ်ဘူး။
သို့​ပေမယ့် ပင်တိုင်အဖွဲ့က​တော့ မှတ်တမ်းတင်ခြင်းနဲ့ အကျဥ်းချုပ်ဖို့ရာ တာ၀န်ရှိပြီး တပ်ဖွဲ့​ခေါင်း​ဆောင်က​တော့ ပြန်လည်​လေ့လာခြင်းနှင့် အကျဥွ်းချုပ်ရေးသားရသည်။

ရန်ရိ တစ်မျက်နှာချင်းစစ်ကြည့်သည်နှင့်အမျှ ဓါတ်ပုံတစ်ပုံက ဖန်သားပြင်ထက် ဖြတ်ခနဲ​ပေါ်လာလျက်။
သူ မျက်​မှောင်ကြုတ်ကြည့်လိုက်ပြီး ရင်ထဲ၌ ထူးဆန်း​သောခံစားချက်ဖြစ်​ပေါ်လာကာ သူစာမျက်နှာအ​တော်များများလှန်ပြီး​သော်လည်း မ​နေနိုင်ဘဲ ပြန်လှန်ကြည့်မိသည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now