Chapter 8

3.5K 823 51
                                    

Translator - Lynx | Editor - Kellow

---------

[ Unicode ]

ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားသွားချိန်၌ ဒုတိယထပ်ပြတင်းပေါက်မှ တပ်သားနှစ်ဦး ခုန်ချလာသည်။
ပေါက်ကွဲမှုအပိုင်းအစများနှင့် ရော၍ မီးတောက်မီးလျှံများကတော့ သူတို့ကျော်ဘက်မှ ပြေးလိုက်လျက်။
သူတို့ ခေါင်းများကမြေကြီးပေါ်သို့ လိမ့်ကျကာ ဆယ်မီတာအကွာအဝေးထိ လိမ့်စင်သွားကြသည်။

လူအုပ်ကပြေးသွားကာ ထိုသူတို့ကိုယ်ပေါ်မှ မီးစများကို ရိုက်ကာငြိမ်းသတ်ပေးကြသည်။
ထိုသူထဲမှ တစ်ယောက်က ခြေထောက်ကျိုးသွားကာ နာကျင်မှုဖြင့် အော်ညည်းနေ၏။

" အခြားသူတွေရောဘယ်မှာလဲ? "

ရွှီကျင့် စိုးရိမ်တကြီးမေးသည်။

" ခေါင်းဆောင်ဝမ်း....ခေါင်းဆောင်ဝမ်းက လူတွေကိုဦးဆောင်ပြီး အဲ့နေရာလှေကားကနေပြန်သွားတယ် "

ထိုအချိန် ဝမ်းမုန်နှင့် အခြားတပ်သားနှစ်ဦးက လူနာတစ်ဦးကိုသယ်ကာ အဆောက်အအုံအနောက်ဘက်မှ ထွက်လာသည်။
သူတို့မျက်နှာများက ‌မည်းသည်းနေကာ ထိတ်လန့်တုန်လှုပ်နေသော အခြေအနေတွင်ရှိ‌နေသည်။

လူတိုင်း စိတ်သက်သာရာရသွားကြ၏။

ကောင်းကယ် အသံ ရုတ်တရက်ထွက်ပေါ်လာသည်။

" မီး ဒီဘက်လာနေပြီ၊
ဟော့ပေါ့ဆိုင်က မတောင့်ခံနိုင်ဘူး "

ရွှီကျင့် အမိန့်ပေးလိုက်သည်။

" ရေပိုက်တစ်ပိုက်က မီးပျံ့လာတာကာဖို့ အရှေ့ဘက်ကိုဖြန်း ၊ တပ်ဖွဲ့သုံးဖွဲ့က တစ်ဖွဲ့စီရေပိုက်နှစ်ပိုက်နဲ့ အနောက်၊ တောင်၊ မြောက်  အရပ်သုံးမျက်နှာကနေ တိုက်မယ်၊ မီးကို‌သေချာဝိုင်းသတ်ကြ "

" ဟုတ်ကဲ့ ! "

ဘားက ပေါက်ကွဲသွားပြီ။
ဒီအချိန် အထဲမှာ ရှင်ကျန်သူ ရှိရှိ၊ မရှိရှိ သူတို့ထပ်ဝင်သွားလို့မရတော့ပေ။

အဆောက်အအုံတစ်ခုမီးလောင်တဲ့အခါ၊ တစ်ခါတရံ အဆောက်အအုံကို တိုက်ရိုက် ရေဖြန်း၍မ‌ရ။
အဘယ်ကြောင့်ဆိုသော် မီးငြိမ်းသတ်ရေး၏ ပထမဦးစားပေးမှာ လူကယ်ဆယ်ရန် နှင့် မီးထိန်းချုပ်ရန် ဖြစ်သည်။
မီးထိန်းချုပ်ခြင်းက ပျံ့လာသောမီးကိုထိန်းချုပ်ရန်နှင့် မီးလောင်သည့် ဧရိယာတိုးမည်ကို တားဆီးရန်ဖြစ်၏။
ထိုအရာက စားပွဲဝိုင်းမီးလောင်သည်နှင့်အလားတူ။
စားပွဲကို မီးသတ်၍မရနိုင်လျှင် ထိုင်ခုံများကိုအရင်မီးသတ်ရမည်။ တစ်နည်းအားဖြင့် စားပွဲနှင့် ထိုင်ခုံများ မီးမကူနိုင်တော့ပေ။

Flame Armor [ 火焰戎装 ]Where stories live. Discover now