Chapter 32

2K 474 26
                                    

{ Unicode }

ရန်ရိ မေးခွန်းတွေ ထပ်မေးချင်သေးပေမယ့် ချိုးယန်က အသံတိတ်နေသည်။ ဒီလိုကိစ္စမျိုးက စကားလုံးအနည်းငယ်လောက်နဲ့ ရှင်းလင်းသွားမှာမဟုတ်မှန်း သူသိပြီး ချိုးယန် ဘာကြောင့်ဆက်ပြောဖို့ တွန့်ဆုတ်နေလဲဆိုတာ သူနားလည်နိုင်သည်။

လွန်ခဲ့တဲ့ ဆယ်ရှစ်နှစ်က ဘာတွေများဖြစ်ခဲ့တာလဲ ?!

လူနာဆောင်ဆီပြန်တော့၊ ဦးလေးရှန့်က ကုံးရင့်ရှန်ကို အဝတ်သန့်တွေလဲပေးပြီးပြီ။ ရန်ရိ ပြန်လာတာမြင်တော့၊ ကုံးရင့်ရှန်အတွက် လိုအပ်တာတွေယူဖို့ပြန်သွား၏။

ရန်ရိ ဆေးရုံကုတင်ရှေ့မှာရပ်ရင်း ကုံးရင့်ရှန်ရဲ့ ဖြူဖျော့ကာ အေးချမ်းသော မျက်နှာလေးအား သေသေချာချာ စူးစမ်းကြည့်လိုက်သည်။

အလွန်လှပါ၏။ နက်မှောင်လင်းလက်သော မျက်ဝန်းတစ်စုံကို မှိတ်ထားရင်တောင် ယခုကဲ့သို့စိတ်လှုပ်ရှားစရာအလှမျိုးပေးစွမ်းနိုင်ဆဲပင်။ ဒါပေမယ့် ဒီလိုမျိုး ဘုရားသခင်ဂရုတစိုက်ထုစစ်ပေးထားတဲ့လူသားတစ်ယောက် ဖြစ်သော်ငြား ကံတရားဆီမှ သနားညှာတာမှုတစ်စွန်းတစ်စပင်မရခဲ့‌‌ပါဘဲ ထိုအစား သူ့ဆီက‌အရာအားလုံးကို အရက်စက်ဆုံးနည်းလမ်းဖြင့် နှုတ်ယူသွားခြင်းခံခဲ့ရလေ၏။

ရန်ရိ နှလုံးသားစူးနင့်သွားသည်။ မီးကြောင့် လူတွေကံဆိုးမိုးမှောင်ကျတာကို သူအကြိမ်များစွာတွေ့ကြုံဖူးပြီး အလေးစားရဆုံး ဆရာတွေ၊ ရဲဘော်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ မီးကြောင့်ဆုံးရှုံးသွားရတာကိုလည်း ခံစားဖူးခဲ့ပြီမို့ ကုံးရင့်ရှန်ရဲ့ နာကျင်မှုကို သူပိုပြီးနားလည်နိုင်တာ လုံးဝသေချာသည်။

လူကြီးများပင် ခံနိုင်ရည်ရှိရန်ခက်ခဲသော နာကျင်မှုကြီးက ခြောက်နှစ်သားအရွယ် ကလေးတစ်ယောက်၌ ဖြစ်ပွားခဲ့သည်။

ရန်ရိ မထိန်းချုပ်နိုင်ဘဲ လက်ဆန့်ထုတ်လိုက်ပြီး ကုံးရင့်ရှန်မျက်နှာကို သူ့လက်ချောင်းထိပ်လေးတွေနဲ့ ညင်ညင်သာသာ ထိ‌တွေ့လိုက်သည်။ လက်ချောင်းထိပ်မှ နွေးထွေးမှုက သူ့နှလုံးသားတစ်နေရာကို နူးညံ့သွားစေပြီး....ပြီးတော့ မဖော်ပြနိုင်သော ရင်ခုန်မှုမျိုး ဖြစ်ပေါ်လာစေ၏။

Flame Armor [ 火焰戎装 ]Where stories live. Discover now