Chapter 15

3.1K 694 57
                                    

[ UNICODE ]

တစ်လနီးပါး​လောက် ​ပေါ်မလာ​သော ကုံး​ဖေးလန်က စခန်းသို့ အသိမ​ပေးဘဲ ​ရောက်ချလာသည်။

သူ(မ) လာတဲ့အချိန်က အလွန်ကိုအချိန်အခါသင့်လှသည့် သူတို့ မနက်ပိုင်း​လေ့ကျင့်​ခန်းပြီးချိန်ပင်။
​နေ့လယ်စာမစားခင်အထိ အားလပ်ချိန်ကြားဖြစ်ပြီး
သူ(မ) စခန်းရဲ့ ​နေ့စဥ်လုပ်ငန်းကို ​လေ့လာထားသည်မှာ သိသာ၏။

စခန်းထဲက တပ်သားအားလုံး သူ(မ) ကိုသိ​နေကြပြီး သူ့ကို​တွေ့​တော့ ဝိုင်းစကြသည်။

" ညီမ​လေး ​ဖေးလန် မင်းဒီကိုမလာတာ​တောင် ကြာပြီ​နော် ​နွေရာသီအားလပ်ရက်မှာ အိမ်စာ​တွေ မပြီးနိုင်​သေးလို့များလား? "

ကုံး​ဖေးလန် ခပ်ဖွဖွနှာ​ခေါင်းရှုံ့သည်။

" အဲ့တာက ပြီးသွားပြီ "

ရန်ရိ သူ့(မ) ​ခေါင်းကို ပုတ်လိုက်သည်။

" မင်း ဒီကိုလာတာ မင်းအစ်ကိုသိလား? "

" သူက ကျွန်မအုပ်ထိန်းသူမှ မဟုတ်တာ ဘာလို့သိရမှာလဲ "

" အဲ့တာဆို ကိုယ်သူ့ကို​ပြောရမယ် "

ရန်ရိ သူ့ဖုန်းကို ထုတ်လိုက်သည်။

" သူသိတယ်! "

ကုံး​ဖေးလန် အမြန်​ပြောလိုက်သည်။

" ကျွန်မ သူ့အိမ်ကပဲလာတာ "

" ဟမ်? သူမင်းကို မတားဘူးလား? "

" ကျွန်မ ရှင့်အတွက် အရသာရှိတဲ့စားစရာ​တွေ အများကြီးယူလာတယ် "

ကုံး​ဖေးလန် ရန်ရိ ​မေးခွန်းကိုမကြားချင်​ယောင်​ဆောင်လိုက်ပြီး စားပွဲ​ပေါ်က အိတ်ကို သူ့လက်ထဲထည့်​ပေးလာသည်။

ရန်ရိ ကူကယ်ရာမဲ့လျက် ​ပြောလိုက်၏။

" ​ဖေးလန် ကိုယ်အကြိမ်အများကြီး ​ပြောပြီးသားပဲ​လေ ဘာမှယူမလာခဲ့နဲ့လို့ "

" အစားအ​သောက်ပဲ​လေ ​ငွေမကုန်ပါဘူး နောက်ပြီး ဒါကလည်း ကျွန်မယူလာချင်တာမဟုတ်ဘူး "

ရန်ရိ မျက်ခုံးပင့်လိုက်ကာ အနည်းငယ် အံ့သြသွားသည်။
ဖြစ်နိုင်တာက.....

Flame Armor [ 火焰戎装 ]Where stories live. Discover now