Congratulations to me ✨

2.3K 470 32
                                    

100k ပြည့်သွားလို့ ဂုဏ်ယူမိပါတယ် 🎉

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

100k ပြည့်သွားလို့ ဂုဏ်ယူမိပါတယ် 🎉

ဒီ Novel ကိုစကိုင်ဖြစ်တာက Fufu page ကနေဖတ်ရင်း Mm translation မရှိတော့ နဲနဲဝမ်းနည်းသွားတယ်၊ ကိုယ့်အကျင့်က တစ်ခါတစ်လေ မညီမျှတာတွေ့ရင် စိတ်မကောင်းဖြစ်တတ်တယ်ဆိုတော့ အခြား novel တွေ translation ရှိပြီး ဒါလေးက သိပ်လူမသိကြသေးတော့ မညီမျှဘူးထင်တာပေါ့ ထူးဆန်းတယ်မလား 🤧 အဲ့တာနဲ့ novel သွားပြေးဖတ်တယ်၊ ဒါပေမယ့် Novel ကထွက်တာမကြာသေးတော့ eng translation လည်းမရှိဘူးဗျာ 💩

အဲ့တာ‌နဲ့ MTL ( Machine translation ) နဲ့ဖတ်ရတယ်၊ ပထမအပိုင်းမှာထဲက လန်ထွက်နေတာပဲ ဇာတ်အိမ်က၊ ကိုယ်က စုံစမ်းရေးတွေလည်းကြိုက်တော့ အပျင်းဆုံးလူက အဲ့ novel ကိုကိုင်ဖို့ဆုံးဖြတ်လိုက်ပါသတဲ့။

အဲ့တာနဲ့ fufu ဆီသွားပြောပြီး intro စတင်တယ်၊ fufu page မှာတင်ပေးတော့ လာဖတ်လိုက်ကြတာ ရင်တောင်ခုန်တယ်၊ နောက်တော့ ကိုယ်ထက် အပိုင်းတစ်ဝက်အရင်တင်ထားတဲ့အစ်မနဲ့တွေ့တယ်၊ စကားပြောကြည့်ပြီးတော့ အတူပြန်ဖို့လုပ်လိုက်ကြတယ်၊ နောက်တော့ သူကမအားလို့ edit ပဲကူပေးနိုင်မယ်ဆိုတော့လည်း အင်းပေါ့။ အဲ့အစ်မကလည်း ကိုယ့် intro ဖတ်ပြီးအရေးအသားအရမ်းသဘောကျလို့တဲ့ မင်းပဲ ဆက်ပြန်ဆိုပြီး ကိုယ့်ကိုပဲ ဆက်ပြန်ခိုင်းတယ် 🍀✨

အဲ့လိုနဲ့ နောက်တော်တော်ကြာတော့ နောက်တစ်ယောက်ဘာသာပြန်နေမှန်း သိလိုက်ရပြန်ရော! ငယ်ထိပ်မိုးကျိုးပစ်သွားသလိုပဲ 🤧 ကိုယ်က အလုပ်လုပ်ရင် အပြိုင်လုပ်ရတာ မကြိုက်ဘူး၊ သူများမလုပ်တာကိုပဲ လုပ်ချင်တာ၊ အဲ့တော့ စိတ်အဆင်မပြေဘူး၊ သူနဲ့သွားပြောတယ်၊ တောင်းပန်ပေမယ့်လည်း သူလည်းကြိုက်လို့ဆက်ပြန်မှာတဲ့၊ ရင်နဲနဲအောင့်သွားတယ်၊ အဲ့တာနဲ့ သူလည်းပြန် ကိုယ်လည်းပြန်ဆိုပြီး စိတ်လျှော့ထားလိုက်တယ်🤧

Flame Armor [ 火焰戎装 ]Where stories live. Discover now