Chapter 35

2.2K 525 16
                                    

{ Unicode }

ကုံးရင့်ရှန် ရန်ရိကို အခြားရုံးဧရိယာဆီခေါ်သွားပြီး အဲ့ဒီ့မှာ အရမ်းကျယ်တဲ့အခန်းကြီးတစ်ခုရှိ‌သည်။ နံရံ အရှေ့မှာ LED ပြားတွေ ကပ်ထားပြီး စားပွဲတန်းတွေမှာတော့ ကွန်ပျူတာတွေနဲ့၊ ရန်ရိကို မသိသောသူအချို့ဖြင့် ပြည့်နှက်နေသည်။ လူအများစုက အဲ့အချိန် အချိန်ပိုဆင်းနေကြဆဲဖြစ်၏။

ကုံးရင့်ရှန် ထောင့်စွန်းက စားပွဲဆီ လျှောက်သွားပြီး နောက်ကျောသားထူထူ ကို လှမ်းခေါ်လိုက်သည်။

" ရှောင်ထန် "

‌ထိုနောက်ကျောပြင်လှုပ်ခါသွားပြီး Coke များသီးထွက်လာကာ ကီးဘုတ်တစ်ဝက်နီးပါးလောက်ကို ဖိတ်စင်သွားတော့ သူပျာပျာသလဲထရပ်ပြီး သုတ်ဖို့ တစ်ရှူးထုတ်လိုက်သည်။

‌ကုံးရင့်ရှန်က ခေါင်းယမ်းရင်း

" အလုပ်ဆင်းသွားပြီလေ၊ မင်းစားချင်တယ်ဆိုလည်း ဖုံးကွယ်နေစရာမလိုဘူး "
ထိုလူက နောက်လှည့်ပြီး ရယ်ကျဲကျဲလုပ်ပြလာသည်။

" ဒေါက်တာကုံး၊ ကျွန်တော့်ကို လန့်အောင် လုပ်နေတာပဲ "

သူ့ကြည့်ရတာ နှစ်ဆယ်စွန်းစွန်းလေးပဲရှိသေးပုံပေါ်ပြီး အသားဖြူကာ ဝသည်။ မျက်လုံးကြီးကြီးတွေက ဝိုင်းစက်ကာ ရှင်းလင်းပြီး အသားအရည်က ရေတောင်ညှစ်‌ထုတ်နိုင်သည့်အလား နုဖတ်နေလျက်၊ သူ့အပြုံးက နူးညံ့ညင်သာပြီး ဖော်ရွေသည်။ သူသာ ဝိတ်ချလိုက်လို့ကတော့ ကျိန်းသေပေါက် ကောင်ချောလေးတစ်ယောက် ဖြစ်မည်ပင်။

" ဒီက ဖီးနစ်မီးသတ်တပ်ဖွဲ့ ခေါင်းဆောင် ရန်ရိ၊ခေါင်းဆောင်ရန် ဒါက ကျွန်တော်တို့ ဆိုင်ဘာမှုခင်းတပ်ဖွဲ့က လုပ်ဖော်ကိုင်ဖက် ထန်ဟောက်ချွမ်၊ အရမ်းတော်တဲ့ hacker ပဲ "

" ဟုတ်ကဲ့၊ အရမ်းကြီးမတော်ပါဘူး "

ထန်ဟောက်ချွမ်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး ရန်ရိဆီ လက်ကမ်းပေးလာသည်။

" ခေါင်းဆောင်ရန် မင်္ဂလာပါ "

" မင်္ဂလာပါ "

ရန်ရိ လက်ကမ်းလိုက်သည်နှင့် ထန်ဟောက်ချွမ်းက သူ့လက်ကို ဓာတ်လိုက်သလို ပြန်ဆုတ်သွား၏။

Flame Armor [ 火焰戎装 ]Where stories live. Discover now