Chapter 107

5K 721 23
                                    

Sun, Oct 31, 2021

=====

[ UNICODE ]

ကုံးရင့်ရှန်ရဲ့ ဖော်ပြချက်ကိုနားထောင်ပြီးတော့၊ ဒေါက်တာဖန်းပေ သူ့လက်ထဲက စာရွက်စာတမ်းကို ငုံ့ကြည့်လိုက်သည်။

" ဒါက မျက်နှာဖုံးပေါ့ "

၎င်းက ဇူယန့်ဗီဒီယိုမှ screenshot ယူထားခဲ့သော ပုံဖြစ်ပြီး၊ ကြည်လင်ပြတ်သားမှု အလွန်မြင့်သည်။ ငှက်မျက်နှာဖုံးက မီးခိုးရင့်ရောင်ဖြစ်ပြီး၊ တချို့ပုံပန်းသွင်ပြင်များကို တမင်တကာ ချဲ့ကားထားသည်။ ဥပမာအနေဖြင့်၊ အလွန်ပေါ်လွင်ထင်ရှား‌သော နှုတ်သီးကြီးနဲ့၊ ကြီးမားဝိုင်းစက်သော မျက်လုံးပေါက်နှစ်ခုဖြစ်သည်။ သို့သော် အမွှေးအတောင်မပါဘဲ၊ ဖုံးကာထားသော အကြည့်က စိတ်ကူးယဉ်ဆန်သော ထူးဆန်းမှုတစ်ခုရှိနေကာ၊ စံနမူနာပုံစံအဖြစ် မည်သည့်ငှက်အစစ်ကိုမှ အခြေခံထားခြင်း မရှိပေ။

ကုံးရင့်ရှန် ပြောလိုက်သည်။ " ကျွန်တော်တို့ ဒီမျက်နှာဖုံးကို စုံစမ်းကြည့်ပြီးပြီ၊ ဈေးကွက်ထဲမှာ အဲ့လိုထုတ်ကုန်မျိုး မရှိဘူး၊ အနုပညာဖန်တီးထားတာမျိုးလည်း မတွေ့ရဘူး၊ အဲ့တာက ထူးဆန်းတဲ့ပုံစံပဲ "

" မင်း ဗီဒီယိုထဲက ပစ္စည်းတွေကို ‌ကြည့်နိုင်လား? "

" ဂျစ်ပဆင်၊ 3D printer နဲ့လုပ်ထားတာ "

[ T/n : မြေဖြူလို အဖြူရောင် သတ္တုဒြပ် ]

" ဆိုလိုတာက သူတို့ပုံစံချပြီး၊ ထုတ်ထားတာပေါ့ "

" ဟုတ်တယ် "
ကုံးရင့်ရှန် ပြောလာသည်။

" ဒါပေမယ့် အရင်တုန်းက 3D printer မရှိဘူး၊ ဒီလိုဟာမျိုး လုပ်ချင်ရင်၊ စက်ရုံသွားပြီး အရမ်းမြင့်တဲ့ဈေးနဲ့ ဒီဇိုင်းဆွဲပြီး ပစ္စည်းထုတ်ရလိမ့်မယ်၊ ဒါကလည်း ကျွန်တော် ဒီမျက်နှာဖုံးရဲ့ စစ်မှန်မှုကို သံသယဝင်ရတဲ့ အကြောင်းပြချက်တွေထဲက တစ်ခုပဲ "

" လက်လုပ်ဆိုရင်ရော? " ရန်ရိ မေးလိုက်သည်။

" ဖြစ်နိုင်တာပေါ့၊ ဒါပေမယ့် ဘာအဓိပ္ပါယ်လဲ? " ကုံးရင့်ရှန်ပြောလာသည်။ " မျက်နှာကို ကာဖို့အတွက်ပဲဆိုရင်၊ စတိုးဆိုင်က မျက်နှာဖုံးတစ်ခု ဝယ်လိုက်လို့ရတယ်၊ ဘာကိစ္စ ဒီလိုမျက်နှာဖုံးမျိုးလုပ်ဖို့ အချိန်အများကြီး အကုန်ခံနေမလဲ? ဒီမျက်နှာက အရမ်းအရေးကြီးတဲ့ အမှတ်သ‌င်္ကေတ အဓိပ္ပါယ်ရှိနေမှပဲ ဖြစ်မယ်၊ ဥပမာ အဖွဲ့အစည်းရဲ့ ကိုယ်စားပြုရုပ် ဆိုတာမျိုး "

Flame Armor [ 火焰戎装 ]Where stories live. Discover now