Chapter 108

9.1K 745 40
                                    

Sun, 14 Nov, 2021

=====

[ UNICODE ]


ကုံးရင့်ရှန် တခဏမျှ အသံတိတ်သွားပြီး၊ " မျက်နှာဖုံးတပ်ဖို့က မခက်ပါဘူး၊ ဒါပေမယ့် အဲ့တာမှာ ဘာအကျိုးသက်ရောက်မှုမျိုး ရှိမလဲဆိုတာ ကျွန်တော် တွေးကြည့်လို့်မရဘူး၊ ဗီဒီယိုက လတ်တလော ရဲတွေလက်ထဲမှာပဲ ရှိတာမို့ အဲ့တာက လျှို့ဝှက်ချက်ထဲ ပါတယ်၊ နောက်တစ်ချက်က အဲ့လိုလုပ်လိုက်ရင် ကျွန်တော်တို့ တကယ်တမ်း မျက်နှာဖုံးအကြောင်း ဘာမှမသိဘူးဆိုတာ ပေါ်သွားလိမ့်မယ် "

ဒေါက်တာ ဖန်းပေက ပြောလာသည်။ " အဲ့တာ ကောင်းတဲ့ကိစ္စလည်း ဖြစ်နိုင်တာပဲ၊ အဲ့လိုဆို ဇူယန့်က မင်း ဒီမျက်နှာဖုံးစစ်ကြောင်း ယုံကြည်ပြီး၊ အလောတကြီး သက်သေတွေ လိုအပ်နေတယ်လို့ ယုံသွားလိမ့်မယ်၊ ပြီးရင် ဇူယန့်က ဒီမျက်နှာဖုံးအကြောင်း ရေးကြီးခွင့်ကျယ်လုပ်ပြီး၊ သတင်းအချက်အလက်တချို့ ထုတ်ဖော်လာလိမ့်မယ် "

ကုံးရင့်ရှန် ခဏတွေးလိုက်ပြီး၊ " အခု ဌာနခွဲ၊မှာ အ‌ထူးမှုခင်းတပ်ဖွဲ့  တည်ထောင်လိုက်ပြီ၊ ဒီအမှုက ယန်ကျဲရဲ့ ခေါင်းဆောင်မှုအောက်မှာ မဟုတ်တော့ဘူး၊ တကယ်‌ဆို ဒီသက်သေက ရဲတွေဘက်ကဟာပဲ၊ ကျွန်တော် ဆုံးဖြတ်ချက်မချနိုင်ခင် အစီရင်ခံရမယ် "

" ရှောင်ထန်ရော Seraph ကို စောင့်ကြည့်နေတုန်းလား? "

ရန်ရိ ဆိုင်ဘာမှုခင်းဌာနလည်း အလကားနေလို့မရမှန်း အမှတ်ရလိုက်သည်။

" အမြဲ စောင့်ကြည့်နေတယ်၊ လ‌အတော်ကြာ စောင့်ကြည့်ပြီးတော့ သူ အောင်အောင်မြင်မြင်နဲ့ အထက်တန်း VIP group ထဲ ရောဝင်နိုင်သွားပြီ "

" အထက်တန်း group? ကြည့်ရတာ ကျိုးချွမ်းနဲ့ ရှောင်ထန်တို့ အရင်က ဒီ group အကြောင်း ထည့်ပြောဖူးတယ်ထင်တယ်၊ လှုပ်ရှားတက်ကြွမှု၊ သုံးစွဲမှု၊ သစ္စာစောင့်သိမှု စတာတွေကို စစ်ဆေးတာမလား "

" ဟုတ်တယ်၊ ဝင်ချင်တိုင်း ဝင်လို့မရဘူး၊ Website က အဲ့လိုလူတွေကို ဒေတာပေါ်အခြေခံပြီး ခေါ်ယူတာ၊ ပြီးတော့ တစ်ယောက်ယောက်က ခင်များကို ဆက်သွယ်ပြီး၊ ပိုပြီး ထိန်းချုပ်ထားတဲ့ intranet ထဲ ခေါ်သွင်းပေးလိမ့်မယ်၊ ဒါပေမယ့် အဲ့တာတွေမတိုင်ခင်၊ စစ်ဆေးချက်တွေ ရှိသေးတယ် "

[ T/n : Intranet : ဒေသခံ ဒါမှမဟုတ် ကန့်သတ်ထားတဲ့ ဆက်သွယ်ရေး network, အထူးသ‌ဖြင့် World Wide Web software ကိုအသုံးပြုပြီး ဖန်တီးထားတဲ့ private network ]

You've reached the end of published parts.

⏰ Last updated: Nov 14, 2021 ⏰

Add this story to your Library to get notified about new parts!

Flame Armor [ 火焰戎装 ]Where stories live. Discover now