Chapter 95 🍿

3.7K 918 131
                                    

Tue, Oct 12, 2021

1 :15 a.m.

=====

[ UNICODE ]

အတွေ့အကြုံအရ‌ပြောရင်၊ ဒါက ရန်ရိတွေ့ကြုံခဲ့သမျှထဲမှာ အဆိုးဝါးဆုံးအနမ်းပင်။

ကုံးရင့်ရှန်မှာ ဘာအတွေ့အကြုံမှမရှိဘဲ၊ ရန်ဆောင်လိုတဲ့ အခြေအနေမှာမို့၊ ထိန်းချုပ်မှုကောင်းကောင်း မရှိ‌တော့၊ အထဲကို ထိခိုက်လုနီးပါးဖြစ်ပြီး၊ ရန်ရိသွားဖုံးကို ‌ဆောင့်မိကာ၊ ကြယ်တွေလတွေ မြင်သွားစေသည်။

ဒါပေမယ့် တနည်းအားဖြင့်ဆိုရင်တော့၊ ဒါက ရန်ရိအချိန်အကြာကြီး ဘယ်တော့မှ မမေ့ပျောက်နိုင်တဲ့အထိ အရေးအပါဆုံးသော အနမ်းပင်။

သူ့နှလုံးခုန်သံ ရပ်သွားတော့မလိုသာ ခံစားရပြီး၊ သူ့စိတ်ဝိဉာဉ်အနက်ပိုင်း၌ အလျင်အမြန် အညှောင့်ထွက်လာသော မီးစာစေ့တစ်ခုရှိနေကာ၊ အပင်ပေါက်ဖို့ ရုန်းထွက်လာပြီး၊ သူ့အသိစိတ်နေရာလပ်ကို ဖြည့်တင်းလိုက်ရင်း၊ သူ့ကိုဒီအနမ်းမှတစ်ပါး ဘာမှမကျန်စေရအောင်လုပ်ပြီး၊ ဘာမှမတွေးမိတော့သလို၊ ဘာမှလည်း အရေးမပါတော့ပေ။

ကုံးရင့်ရှန်က ရန်လိုလှုံ့ဆော်မှုမှသည် အံ့ဩမင်သက်ခြင်းသို့ ပြောင်းလဲသွားပြီး၊ ရန်ရိဦးဆောင်မှုဖြင့် လုံးလုံးလျားလျား နစ်မျော‌သွားသည်။

မျိုးပွားခြင်းကလွဲလို့၊ လူသားချင်းနှီးနှောဆက်ယှက်မှုက လိုတာထက်ပိုပြီး၊ ဗီဇမျိုးစေ့တွေ ပျံ့ပွားတာကလွဲလို့ သင့်တော်တဲ့ရည်ရွယ်ချက် မရှိဘူးဟူ၍ သူယုံကြည်ခဲ့ဖူးသည်။ ရန်ရိကသူ့ကို အဲ့တာရဲ့တည်ရှိမှုကိုယ်တိုင်က လှပပြီး၊ အဓိပ္ပါယ်ရှိစရာမလိုကြောင်း နားလည်စေခဲ့သည်။ ယခု အနမ်းကဲ့သို့ပင်။

ကုံးရင့်ရှန် မနေနိုင်ဘဲ သူ့(ရန်ရိ)ကို ဒီအခိုက်အတန့်မှာပဲ ထာဝရချုပ်နှောင်ထားတော့မည့်နှယ်၊ သူ့(ရန်ရိ) ခေါင်းအနောက်ဘက်ကို လက်ဖဝါးကြီးနဲ့ ထိန်းကိုင်ထားလိုက်သည်။

ရုတ်တရက်၊ တံခါးခေါက်သံထွက်လာ၏။

သူတို့နှစ်ယောက်က အသိစိတ်ပျောက်နေပြီး၊ တံခါးခေါက်သံက ဒရမ်ရိုက်ချက်များကဲ့သို့၊ အချက်တိုင်းက သူတို့အာရုံကြောတွေကို ရိုက်ခတ်ကာ၊ သူတို့ကို ချက်ချင်းလှုပ်နှိုးလိုက်သည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now