Chapter 16.2

2.6K 642 40
                                    

[ Unicode ]

" ​တောင်ဘက် မီးရထားရဲစခန်းမှာ သူ့ကိုအချိန်ခဏဆွဲထားပြီး မီးရထားရဲစခန်းက ကျွန်တော့်ကို သူ ဟုတ် မဟုတ် လာအတည်ပြု​ပေးဖို့​ပြောတယ် "

ရန်ရိ ရုတ်တရက် စိတ်၀င်စားလာသည်။

" အဲ့တာကို ရဲက ရာဇ၀တ်သားကို ဖမ်းတာလို့ ယူဆလို့ရလား? ငါရဲတစ်​ယောက်နဲ့ တာ၀န်လိုက်လုပ်ဖူးတာ ဒါပထမဆုံးပဲ "

ကုံးရင့်ရှန်က ရန်ရိကို မျက်​စောင်းထိုးလျက် :

" ခင်များက ဘာကိုစိတ်လှုပ်ရှား​နေတာလဲ? လူက​ဖမ်းမိသွားပြီပဲ​ကို "

" ဒါ​ပေမယ့် ငါတို့သူ့ကိုမမိခင် ဘယ်​လောက်​တောင်လမ်းလွဲသွားခဲ့ရလဲ? ပြီး​တော့ ဒီအမှုကလည်း ငါ၀င်ပါထားတဲ့အမှုပဲ​လေ
မင်းအမှုကို​ဖြေရှင်းနိုင်သွားရင် ငါက​ရော ​ငွေ​ကြေး​ထောက်ပံ့မှု ဒါမှမဟုတ် တစ်ခုခုများမရနိုင်ဘူးလား? "

" ဆု​ကြေး​ငွေ ယွမ် ၁၀၀၀ ​ပေးတယ်တဲ့ "

[  1 CNY = 203.15 MMK
1000 CNY = 203153.95 MMK ]

ကုံးရင့်ရှန်​ပြောလိုက်သည်။

" ကျွန်​တော် ခင်များနာမည်ကို စာရင်းသွင်းပေးမယ် "

"ယွမ် ၁၀၀၀ တည်းလား မင်းက လူကိုအရမ်းအထင်​သေးတာပဲ "

ရန်ရိ ကုံးရင့်ရှန်ကို လှမ်းကြည့်လိုက်​တော့ သူ့မျက်နှာ​ပေါ်၌ ​နောက်​ပြောင်ဟန်ကို ​တွေ့လိုက်ရပြီး သူရုတ်တရက် သတိ၀င်ကာ ထ​အော်လိုက်သည်။

" ​​သေစမ်း မင်းငါ့ကို ​နောက်​နေတာလား? "

ကုံးရင့်ရှန် က ပခုံးခပ်ဖွဖွတွန့်ပြသည်။

" ကျွန်​တော် တကယ်ပြောတာ "

ရန်ရိ ​အေးစက်စက် နှာရှုံ့လိုက်ရင်း :

" ကျွန်​တော်မျိုး လစာက သခင်​လေးလည်စည်း၀ယ်ရသ​လောက် မများ​ပေမယ့်လည်း တစ်ပါးသူအကျိုးစီးပွားအတွက် ၁၀၀၀ ယွမ်​တော့​ပေးမှာမဟုတ်ဘူး "

" အကျိုးခံစားခွင့်အတုဖြစ်​နေရင်​တောင် ကျွန်​တော်​ပေးမှာ​လေ ခင်များမှမဟုတ်တာ ဘာကို​ကြောက်​နေတာလဲ? "

Flame Armor [ 火焰戎装 ]Where stories live. Discover now