Chapter 7

3.8K 834 75
                                    

[ Unicode ]

Translator - Lynx | Editor - Kellow

..........

အစက ခွင့်ရက်ရဲ့နောက်ဆုံးနေ့မှာ သူ ဖုခိုင်ရယ်အခြားအပေါင်းအသင်းတွေရယ်နဲ့ ထွက်သောက်ဖို့တွေ့ချင်ခဲ့တယ်။

မမျှော်လင့်ဘဲ ပိတ်ရက်ကြီးမှာ အားလုံးက အခြားအစီစဉ်များရှိနေကြချေ၏။ ပြီးတော့သူကလည်း ကြိုချိန်းမထားမိပေ။

သူမတတ်သာဘဲ ဖုခိုင်ကိုသာကြိမ်းမောင်းရတော့သည်။

ရန်ရိ: "အချိန်တိုင်း မင်းမိန်းမနဲ့ကလေးနားပဲ နေနေလည်း ဘာအောင်မြင်မှုမှ ရတာလည်းမဟုတ်ဘဲနဲ့ကွာ "

ဖုခိုင်: " ဟုတ်ပါပြီ မင်းဘဝပဲကောင်းတယ်၊ မင်းသာတစ်ကိုယ်တည်းသမား မင်းသာပုံမှန်လူပါ"

ဖုခိုင်ရယ်ကာပြောသည်။

ဖုခိုင်: " မနေ့ညကသူငယ်ချင်းတွေပြောတယ် မင်းဘယ်သူနဲ့သောက်ခဲ့လဲ?"

ရန်ရိ: " ဘယ်သူနဲ့မှမသောက်ဘူး"

ဖုခိုင်: " မင်းလား လပေါ်မှာတစ်ယောက်တည်း ထိုင်သောက်မှာ၊ သရဲပဲယုံမယ် "

ဖုခိုင်က တိုးတိုးပြောသည်။

ဖုခိုင်: " ဘယ်အကောင်းစားလေးဆီများ ငါတို့ကောင်ရန်ရိ သွားအိပ်ခဲ့သလဲဟမ်? ဟိုသရုပ်ဆောင်တော့ မဟုတ်ဘူးမလား?"

ရန်ရိ မရေမရာဖြေလိုက်သည်။

ဖုခိုင်: " တကယ်ကိုသူပဲ "

ဖုခိုင် "ကျစ်" လို့စုတ်သတ်သည်။

ရန်ရိ: " မင်းလေသံက ဘာကိုဆိုလိုတာလဲ?"

ဖုခိုင်: " နှစ်တွေအများကြီး ညီအစ်ကိုတွေလိုဖြစ်လာကြတာ ၊ ငါမင်းရဲ့ အရှုပ်အရှင်းတွေကိုဝေဖန်မနေပါဘူး အခုတော့အဲ့လိုမိန်းမဆန်တဲ့ မိန်းမလျာလိုကောင်နဲ့တဲ့လား?"

ဖုခိုင်မနှစ်မြို့ပေ။

ရန်ရိ: " ငါကမင်းမျက်နှာထက်ပိုလှတယ်လို့တော့မတွေးပါဘူး။ ပြီးတော့သူကပြောသေးတယ် ငါကချောမောပြီး ဗလလည်းတောင့်တယ်တဲ့။ "

ရန်ရိ သူ့မေးစေ့ကိုထိကိုင်လိုက်သည်။

ရန်ရိ: " ငါဘာလို့ လူ(အလုပ်ရှင်) မပြောင်းရမှာလဲ?  ငါလည်းချမ်းသာချင်တယ်လေ "

Flame Armor [ 火焰戎装 ]Where stories live. Discover now