Chapter 96

3.4K 820 63
                                    

Wed, Oct 13, 2021

1 : 00 a.m.

=====

[ UNICODE ]

ပါဆယ်ဘူးကို ရဲလာယူသွားပြီးနောက်၊ ပါဆယ်အကြောင်း ရှင်းပြဖို့နဲ့၊ ယာယီစစ်ဆေးရေး အလှည့်ကျအဖွဲ့,ဖွဲ့ပြီး၊ စခန်းထဲဝင်လာတဲ့ ပစ္စည်းတွေ၊ ဝန်ထမ်းတွေ၊ ယာဉ်တွေ အားလုံးကို စစ်ဆေးဖို့အတွက် စခန်းမှာ အစည်းအဝေးနောက်တစ်ခု ကျင်းပလိုက်သည်။  ထပ်ပေါင်းပြီး၊ ချွီယန်ပေါ်လည်း ဌာနချုပ် လေ့ကျင့်ရေးအခြေစိုက်စခန်းသို့ သွားကာ၊ မီးထောက်လှမ်းရေး ခွေးတစ်ကောင် သွားယူဖို့ စီစဉ်လိုက်သည်။

အစည်းအဝေးပြီးတော့၊ ရန်ရိ အရမ်းပင်ပန်းသလို ခံစားရသည်။ အစည်းအဝေးက အားအင်သိပ်မကုန်ပေမယ့်၊ ဒီအချိန် ဇူယန်ကတော့ အနားယူနေမှာပဲဆိုတဲ့ အချက်က သူ့ကိုတကယ် ပင်ပန်းစေသည်ပင်။ ပါဆယ်လေးတစ်ခုကပဲ စခန်းကို တုန်လှုပ်သွားစေခဲ့ပြီဖြစ်၏။

ရုံးခန်းထဲပြန်ရောက်တော့၊ ရန်ရိ ဆိုဖာပေါ် မှီရင်း၊ အချိန်အကြာကြီး အတွေးနက်နေမိသည်။ အခုက သူ့အတွက်၊ အပြင်ပိုင်းပြဿနာတွေရော၊ အတွင်းရေးပူပန်မှုတွေပါ ထည့်တွေးနေရချိန်ပင်။ သူတို့က မီးရှို့သမားရာဇဝတ်မှု အဖွဲ့အစည်းရဲ့ ပစ်မှတ်ထားခံ‌နေရပြီး၊ စခန်းတစ်ခုလုံးရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကလည်း ခြိမ်းခြောက်ခံခဲ့ရပြီဖြစ်သလို၊ သူနဲ့ ကုံးရင့်ရှန်ကြားက မပြေလည်မှုသည်လည်း တစ်ဖန်ပြန်လည် ထုံးဖွဲ့လာခဲ့ပြီး၊ အဲ့တာကို ဖြေနိုင်ပါ့မလားတောင် မသိတော့ပေ။

သူ့ကို အနည်းငယ် စိတ်ပြေလျော့စေနိုင်တဲ့ တစ်ခုတည်းသောအရာက အနည်းဆုံးသူ့အဖေတော့ အန္တရာယ်ကင်းတယ်ဆိုတာဖြစ်ပြီး၊ အဲ့တာကြောင့် သူ့မှာ ဘာပူပန်သောကမှ မရှိတော့ပေ။

သူ့အဖေကို တွေးမိတော့၊ ကုံးမိသားစုကို မီးလောင်မှုကို တွေးမိသွားသည်။

အဲ့ဒီအချိန်မှာ၊ သူ့အဖေက စခန်းငါးရဲ့ ခေါင်းဆောင်ဖြစ်တာကြောင့်၊ သူက မီးအခင်းနေရာကို ပထမဆုံးဝင်ရတဲ့သူ ဖြစ်သင့်သည်။ ဒါက သူတို့မီးထိန်းရေးရဲ့ နိယာမပင်။ တပ်သားတွေက သူတို့မသွားရဲတဲ့နေရာကို သွားခွင့်မရှိတာမို့၊ ကုံးမိသားစုရဲ့အိမ်တံခါးဝအဖျက်ခံရတာ သူ့အဖေကြောင့် မဟုတ်ရင်တောင်၊ သူ့အဖေတော့ အဲ့မှာရှိရမည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now