Chapter 86

2.9K 802 63
                                    

Tue, Sep 28, 2021

{ UNICODE }


ချိုးယန် တွေးလိုက်သည်။

" ဇူယန့်က အရင်တုန်းက တရားခံမဟုတ်ဘူးဆိုရင်၊ သူဘာလို့ ငှက်မျက်နှာဖုံး တပ်ထားတာလဲ? "

သူ တစ်ခုခုတွေးမိသွားပုံပေါ်ပြီး

" ရင့်ရှန်၊ သူမျက်နှာဖုံးတပ်ထားတာက မင်းနဲ့ မင်းအတွေးကို ဖျက်ဆီးချင်လို့ဖြစ်ရမယ် "

ကုံးရင့်ရှန်မျက်လုံးများ ပြောင်းလဲသွားသည်။

" ဟုတ်တယ်၊ ဟုတ်တယ်! Video အစကတည်းက သူ ကျွန်တော်တို့ကို စကားပြောသလို‌လေသံမျိုးနဲ့ ရှင်းပြလာတာ၊ မျက်နှာဖုံးပဲဖြစ်ဖြစ်၊ သူပြောတာပဲဖြစ်ဖြစ်၊ အဲ့တာက သူ ကျွန်တော်တို့ကို ပစ်မှတ်ထားနေသလို ခံစားရစေတယ်၊ သူကကျွန်တော်တို့ကို လက်တုံ့ပြန်ပြီး၊ စစ်ကြေညာနေတာပဲ၊ ဒါပေမယ့် ဒါက သူကျွန်တော်တို့ကို ခေါင်းရှုပ်ထွေးအောင်လုပ်ပြီး ကျွန်တော်တို့ အတွေးတွေကို ထိန်းချုပ်လိုက်တဲ့ ရည်ရွယ်ချက်ပဲ ဖြစ်လောက်တယ်၊ တကယ်တော့ ကျွန်တော်တို့ သူ့လှုံ့ဆော်မှုက ဘာဆိုတာ ဘယ်တုန်းကမှနားမလည်ခဲ့ဘူး "

ရန်ရိ ခပ်တိုးတိုး ထပ်ရေရွတ်လိုက်သည်။

" လှုံ့ဆော်မှု....."

" အဲ့တာ လက်စားချေတာလား? ရန်စတာလား? ဒီတိုင်း ရိုးရိုးပဲ ပြစ်မှုကျူးလွန်ချင်တာလား? "

ချိုးယန် မျက်မှောင်ကြုတ်သွားပြီး သူ့ကိုယ်သူ ပြန်မေးလိုက်သည်။

" သူ့စေ့ဆော်မှုက ဘာလဲ? "

" Prometheus, သာသနာပြု၊ မီး၊ ‌ပရေရီမြက်ခင်း မီးလောင်မှု...."

ကုံးရင့်ရှန်က ဇူယန့် video ထဲမှာပြောခဲ့တဲ့ စကားတွေကို ပြန်ရွတ်လိုက်ပြီး၊ အတွေးနက်သွားသည်။

လူတိုင်းက လက်ဝယ်ရှိနေတဲ့ မေးခွန်းရဲ့အဖြေကို ရှာထုတ်ဖို့ အချိန်ကိုအံတုနေကြရသည်။ ရန်ရိ တစ်ဖက်နဲ့တစ်ဖက် အပြန်ပြန်လမ်းလျှောက်ရင်း၊ အချိန်ကိုပဲ ကြည့်ကြည့်နေကာ၊ အခုအချိန် သူဘာမှမစွမ်းနိုင်တာကို စိတ်တိုနေပြီး၊ စက္ကန့်တိုင်း ကုန်ဆုံးသွားသည်ကို စိုးရိမ်ထိတ်လန့်မှု အဆက်မပြတ်ခံစားနေရသည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now