Chapter 12

3.2K 781 64
                                    

Translator - Lynx

________________

[ Unicode ]

ရန်ရိ ​သွေး​အေးသွားပြီး​နောက် နံရိုးများ ၊ ​ခြေချင်း၀တ် နှင့် ပွတ်တိုက်မိသွား​သော လက်ဖဝါးများမှ နာကျင်မှုကို တဖြည်းဖြည်းချင်းခံစားလာရသည်။

သို့​ပေမယ့် သူတစ်ခွန်းမှမ​ပြော ၊ အဘယ်​ကြောင့်ဆို​သော် ကုံးရင့်ရှန်လက်​မောင်းမှ ​သွေးများစီးကျပြီးရင်းစီးကျကာ သူခုနကတင်လဲ၀တ်ထား​သော ​သန့်ရှင်း​သည့်ဘောင်းဘီ​ပေါ်သို့
တ​စ်တောက်​တောက်ကျ​နေသည်ကို သူ​သေချာကိုမြင်​နေရေ​သော​ကြောင့်ပင်။
ကုံးရင့်ရှန် မျက်နှာက​တော့ ဘာမှဖြစ်မ​နေသလို တည်ငြိမ်​နေသည်။

ရန်ရိ ထပ်မ​အောင့်ထားနိုင်​တော့​ပေ။

" မင်းဆက်​မောင်းနိုင်​သေးလို့လား ဒါမှမဟုတ် ငါ​မောင်းမယ်​လေ "

ကုံးရင့်ရှန် စကားမ​ပြော။

" အနီးနားက ​ဆေးရုံကိုသွားရင်ပို​ကောင်းမယ် ဟိုရက်ကလည်း မင်း​ဆေးရုံမသွားဘူး မင်းအသက်ရှင်​နေ​သေးပြီး​နေ​ကောင်း​နေ​ပေမယ့် အဲ့လိုလုပ်​နေတာ ရပ်လို့မရဘူးလား ? "

ကုံးရင့်ရှန် ဆက်ပြီး တိတ်ဆိတ်​နေသည်။

ရန်ရိ အသံမြှင့်​ပြောလိုက်၏။

" မင်းကားထဲမှာ အရှုပ်ထုပ်ပစ္စည်း​တွေကျအများကြီးထည့်ထားပြီး​တော့ ​ရှေးဦးသူနာပြု​ဆေး​ဘူး​တော့ ထည့်မထားဘူးလား? "

ကုံးရင့်ရှန် သူ့အား မျက်​စောင်းထိုးကြည့်လိုက်သည်။

" ကျွန်​တော့်ကားထဲမှာ ​ရှေးဦးသူနာပြု​ဆေးဘူး လည်းရှိတယ် ၊ ပြီး​တော့ ကျွန်​တော့်ဘာသာလုပ်လိုက်မယ်လို့ ခင်များကို​ပြောထားတယ်​လေ ၊ ပြီး​တော့ ခင်များ ကျွန်​တော့်ဆရာကိုတိုင်မယ်လို့လည်း ခြိမ်း​ခြောက်​သေးတယ် ခင်များ မှတ်ညာဏ်မ​ကောင်းဘူးလား "

ရန်ရိ ရယ်ချင်သွားသည်။

" ငါက မင်း​ကောင်းဖို့အတွက်လုပ်​နေတာပါ
မင်း ​ရှေးဦးသူနာပြု​ဆေးဘူးနဲ့ ဘာများလုပ်နိုင်မှာလဲ? ​ဆေးပလာစတာကပ်မှာလား? မင်းဒဏ်ရာကို ​ဆေး​ကြောရမယ်၊ ပိုးသတ်ရမယ် ၊ ချုပ်ရမယ်၊ ချုပ်ရိုး​ဖြေရမယ် မင်း အဲ့တာ​တွေကို ကျွမ်းကျင်ဆရာ၀န်တစ်​ယောက်ကို ကိုင်တွယ်ခိုင်းမှရမယ် "

Flame Armor [ 火焰戎装 ]Where stories live. Discover now