Chapter 92

3.2K 866 183
                                    

Fri, Oct 8, 2021

5: 17 p.m.

=====

[ UNICODE ]

ရန်ရိ ဒီအချိန် နေရာကနေ ပျောက်ကွယ်သွားဖို့သာ ဆုတောင်းမိတော့သည်။

ကုံးရင့်ရှန် အံ့အားသင့်စရာတွေပြောတာ ဒါပထမဆုံးအကြိမ် မဟုတ်ပေမယ့်၊ သူမကြာခဏဆိုသလို ဒီအေးစက်စက်အသွင်အပြင်နဲ့ လုံးဝမအပ်စပ်တဲ့ တစ်ခုခုပြောတတ်တာကတော့ အသည်းပေါက်စရာပင်။ ကုံးရင့်ရှန်က သူ့ရဲ့လူမှုရေးအဆင့်အတန်းကို ဂရုမစိုက်တာကြောင့် သူပြောချင်ရာ ပြောတာလည်း ဖြစ်နိုင်သည်။ ‌ဒီတိုင်းပြောလိုက်ပြီး၊ အခြားသူတွေကို ပြဿနာပုံအောပေးလိုက်ခြင်းပင်။

ရန်ရိက ခါးသီးနေပြီး၊ စကားမဟနိုင်။ သူအခု ဘာပြောရမယ်မှန်းတောင် မစဉ်းစားနိုင်တော့ပေ။

ကုံးရင့်ရှန် ရန်ရိကို အလိုမကျစွာ ကြည့်လိုက်ရင်း၊ " ခင်များဘာလို့ ကျွန်တော့်ကို မကြည့်ရဲတာလဲ? ကျွန်တော်ခင်များကို အခုလိုနေရထိုင်ရခက်အောင် လုပ်နေလို့လား? "

သူ ရေလဲဝတ်စုံကို တမင်တကာ ပင့်မြှောက်လိုက်သည်။

ရန်ရိ မသိစိတ်အလျောက် ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး၊ " မင်းဘာတွေများ ပြောချင်နေတာလဲ? "

" ကျွန်တော်က အမြဲတမ်း ကျွန်တော်ပြောချင်တာကိုပဲ ပြောတယ် "

ကုံးရင့်ရှန် ရန်ရိကိုစိုက်ကြည့်လိုက်ပြီး၊ သူ့ကိုအသက်ရှူဖို့ အခွင့်အရေးတောင် မပေးချေ။

" ခင်များ စိတ်ကူးကြည့်ဖူးလား? "

ရန်ရိ ရှက်ရွံ့မှုကြောင့် ဒေါသဖြစ်လာရသည်။

" ဒီလိုမေးခွန်းမျိုးမေးရတဲ့ မင်းရည်ရွယ်ချက်က ဘာလဲ? ငါ့ကို အရှက်ခွဲချင်တာလား? "

" ကျွန်တော့်မှာ ကျွန်တော်နဲ့သက်ဆိုင်တဲ့ ကိစ္စတွေ သိပိုင်ခွင့်ရှိတယ်၊ ခင်များအရင်ကတည်းက ကျွန်တော့်ကို ကိစ္စတွေ ‌ဖုံးကွယ်ထားတာ၊ ခင်များအခု ကျွန်တော့်ကို အမှန်တရားတချို့ပြောဖို့ လိုတယ်မထင်ဘူးလား? "

ကုံးရင့်ရှန် မျက်စိမှေးလိုက်ပြီး၊

" ထပ်မလိမ်နဲ့တော့ "

Flame Armor [ 火焰戎装 ]Where stories live. Discover now