Chapter 82 💔

3.5K 811 164
                                    

Thu, Sep 23, 2021

{ UNICODE }


ရန်ရိခန္ဓာကိုယ် တောင့်တင်းသွားလျက်၊ ‌ဦးနှောက်က ဘေးကအရာအားလုံး လွင့်စင်သွားစေတဲ့ ဗုံးတစ်လုံးလို ပေါက်ကွဲထွက်သွားပြီး၊ ရုတ်တရက် ဘာမှအသိစိတ်မရှိတော့ပေ။

ချီရှောင်းမျက်လုံးတွေက သူတို့နှစ်ယောက်မျက်နှာကို ဘယ်တစ်ပြန်ညာတစ်ပြန်ကြည့်လိုက်ပြီး၊ ချက်ချင်း တစ်ခုခုကို နားလည်သွားသည်။ ဒေါက်တာကုံးကိုတွေ့ခဲ့ရတဲ့ အကြိမ်နှစ်ခေါက်နဲ့ အရင်တစ်ခါ ရန်ရိပြောခဲ့တဲ့ "ချိန်းတွေ့တယ်" ဆိုတာကို ပြန်တွေးကြည့်ရင်၊ သူဟိုးအရင်ကတည်းက ခန့်မှန်းမိခဲ့သင့်သည်။

ချီရှောင်း ဟားတိုက်ရယ်လိုက်၏။ ရန်ရိက သူ့ကိုမျက်နှာဆယ်ပေးပေမယ့် သူကတော့ အဲ့တာကိုလွှင့်ပစ်လိုက်တယ်၊ တကယ်ကို ရှက်စရာပင်။

သူရှေ့မှာဖြစ်ပျက်သွားတဲ့ အရာအားလုံးက ကုံးရင့်ရှန်နှလုံးနဲ့ အဆုတ်တွေကို ပွင့်ပေါက်ထွက်သွားစေပြီး၊ သူအရင်က ဒီလိုဒေါသမျိုး တစ်ခါမှမခံစားခဲ့ရပေ။ သူ လှည့်စားခံရခြင်း၊ သစ္စာဖောက်ခံရခြင်း၊ လုယူခံရခြင်းနဲ့ ညစ်ညမ်းသွားစေခြင်းတို့ရဲ့ အမုန်းတရားကိုခံစားရပြီး၊ ဘယ်သူကိုမှ ထိခွင့်မပေးသင့်သောတစ်စုံတစ်ယောက် အမည်းစက်စွန်းထင်သွားတာကြောင့် ဝမ်းနည်းမှုလည်း ခံစားရသည်။

ကုံးရင့်ရှန် သူ့လက်ထဲကပစ္စည်းကို ‌ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး၊ အမူအရာက တောင့်တင်းကာ ရှုံ့မဲ့နေလျက်၊ မျက်လုံးတွေက ချီရှောင်းကို စူးစူးရဲရဲအေးစက်စွာ စိုက်ကြည့်နေပြီး၊ အံကြိတ်ကာ စကားတစ်ခွန်း ထုတ်ပြောလိုက်သည်။

" သွား "

ချီရှောင်းက ကုံးရင့်ရှန်ရဲ့ရန်လိုမှုကြောင့် ထိတ်လန့်ကာ ကျောချမ်းသွားရသည်။ ခွေးအ‌ တစ်ကောင် ကျားအစာကိုလုမိသည့်နှယ်၊ စိတ်ထဲမှာ အကြောက်တရားများဖြင့် ပြည့်နှက်‌နေရင်း အလိုအလျောက် ခြေနှစ်လှမ်း နောက်ဆုတ်မိသွား၏။

" ငါမင်းကိုမထိချင်ဘူး "

ကုံးရင့်ရှန် အသားကုန်ဟစ်အော်လိုက်သည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now