Chapter 54

2.5K 621 35
                                    

Mon, Aug 16, 2021

{ Unicode }

အိမ်ပြန်ရောက်တော့ ရန်ရိအိပ်ချင်နေပေမယ့် စွမ်းအင်အပြည့်ဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" မင်း ရေအရင်သွားချိုးနှင့်၊ ငါမင်းအတွက် ခေါက်ဆွဲပြုတ်ထားပေးမယ် "

" အိုကေ "

ကုံးရင့်ရှန်က suit နဲ့ necktie ကို ချိတ်မှာ ရင်းနှီးသောအပြုအမူအတိုင်း ချိတ်လိုက်၏။

ရန်ရိ သူ့နောက်ကနေ လှမ်းကြည့်ရင်း တိတ်တခိုးပြုံးလိုက်သည်။ သူဒီလို နှစ်ယောက်အတူနေသလို ဘဝအပြုအမူမျိုးကို သဘောကျသည်။

" ရေချိုးခန်းအေးနေရင် အပူပေးစက်ဖွင့်လိုက်နော် "

ရန်ရိ မီးဖိုချောင်ထဲသွားပြီး ခေါက်ဆွဲခြောက်ထုပ်နဲနဲယူကာ ကြက်ဥနဲ့ ဝက်အူချောင်းပြင်ပြီး ပြုတ်လိုက်သည်။ ခဏစဉ်းစားကြည့်ပြီး ရေခဲသေတ္တာကို အကြာကြီးဖွင့်ရှာလိုက်တော့ အစာသွပ်သုံးမျိုးပါတဲ့ အေးခဲ‌ခဲဖက်ထုပ်တစ်ထုပ် ရှာတွေ့သည်။ နောက်ဆုံးတော့လည်း ခေါက်‌ဆွဲပြု...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရန်ရိ မီးဖိုချောင်ထဲသွားပြီး ခေါက်ဆွဲခြောက်ထုပ်နဲနဲယူကာ ကြက်ဥနဲ့ ဝက်အူချောင်းပြင်ပြီး ပြုတ်လိုက်သည်။ ခဏစဉ်းစားကြည့်ပြီး ရေခဲသေတ္တာကို အကြာကြီးဖွင့်ရှာလိုက်တော့ အစာသွပ်သုံးမျိုးပါတဲ့ အေးခဲ‌ခဲဖက်ထုပ်တစ်ထုပ် ရှာတွေ့သည်။ နောက်ဆုံးတော့လည်း ခေါက်‌ဆွဲပြုတ်ပဲစားရတာ နည်းနည်းရိုးပြီး 'ကုံးရှောင်ကျယ်' ရဲ့ဂျီးများတဲ့ မျက်လုံးတွေကို စိတ်ကူးမိတော့ မအောင့်နိုင်ဘဲ ရယ်မိသည်။

ခေါက်ဆွဲပြုတ်ကျက်သွားတဲ့အခါ ရန်ရိ အရင်ဆုံး ပန်ကန်လုံးနှစ်လုံးယူကာ ခွဲထည့်လိုက်ပြီးနောက် အိုးခွဲပြုတ်ထားတဲ့ကြက်ဥဖြူဖြူနုနုလေးတွေကို ခေါက်ဆွဲပေါ်ဖြန့်ထည့်လိုက်ပြီး ဝက်အူချောင်းကို အဝိုင်းလေးတွေညှပ်ကာ အခွံခွာထားသောကြက်ဥများဘေး၌ တစ်ခုစီနေရာချလိုက်သည်။ ထို့နောက် ခေါက်ဆွဲနှစ်ပန်းကန်ကို ပိုပြီးစားချင်စဖွယ်ဖြစ်အောင် အကောင်းဆုံးပြင်လိုက်၏။

Flame Armor [ 火焰戎装 ]Where stories live. Discover now