Chapter 34

2K 504 27
                                    

[ Unicode ]

' ခြေထောက်ဖြတ်ရမယ် ' ကြားတော့ ဆူညံနေတဲ့နေရာက ချက်ချင်းကို ငြိမ်ကျသွားပြီး အားလုံး အံ့အားသင့်သွားကြသည်။

အတွင်းကြေလူနာက ခေါင်းတို့ ခန္ဓာကိုယ်တို့လို သေစေနိုင်တဲ့ အင်္ဂါအစိတ်အပိုင်းတွေကို မထိခိုက်မိတာကြောင့် အသိစိတ်ရှိနေပြီး ကောင်းကယ်စကားကိုကြားတော့ စိတ်လှုပ်ရှားပြီး ရုန်းထလာသည်။

" မ....မဟုတ်ဘူး..."

ရှစ်ရှောင်ချန့်က ရှောင်ဝမ့်ကိုပြန်လှဲချပေးသည်။

" ကျေးဇူးပြုပြီး မလှုပ်ပါနဲ့ "

" ဟင်အင်း...ခြေထောက်မဖြတ်ဘူး..."

ရှောင်ဝမ့်က ကြောက်လန့်တကြားအော်ပြောသည်။

" ကျွန်တော်ခြေထောက်တွေမရှိဘဲ မသက်မရှင်နိုင်ဘူး..."

ရန်ရိ ရှောင်ဝမ့်ဘေးမှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး သွေး နဲ့မျက်ရည်ရောထွေးနေတဲ့ မျက်နှာလေးကိုကြည့်လိုက်တော့ ထိုရှုံ့မဲ့နေ‌တဲ့ မျက်နှာမှာ စိတ်ပျက်အားငယ်ခြင်းများ ပြည့်နှက်နေသည်။ သူ ရှောင်ဝမ့် ပခုံးတွေကိုကိုင်ရင်း ညင်ညင်သာသာပြောလိုက်သည်။

" ဟုန်းဝူဆေးရုံက ခွဲစိတ်ဆရာဝန် လမ်းမှာလာနေပါပြီ၊ နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ သူပဲချပါလိမ့်မယ် "

ရှောင်ဝမ့်က ရန်ရိအင်္ကျီစကိုဆွဲရင်း သနားစဖွယ်ပြောလာသည်။

" ကျွန်တော့်ခြေထောက်တွေ မဖြတ်ပစ်ပါနဲ့၊ ကျွန်တော်အခုမှ အသက် ၂၀ ပဲရှိသေးတယ်၊ ခြေထောက်တွေမရှိလို့မဖြစ်ဘူး.....ကျေးဇူးပြုပြီး ကျွန်တော့်ကယ်ပါ.....ကယ်ပေးပါဗျာ...."

ရန်ရိ သူ့နားထင်တွေကိုက်လာပြီး၊ နှာခေါင်းလည်းထုံလာသလို ခံစားရသည်။ သူ နက်နဲသောလေသံဖြင့် ပြောလိုက်၏။

" မင်းအခုမှအသက် ၂၀ ပဲ ၊ ပြီးတော့ ဘဝခရီးလမ်း အရှည်ကြီးရှိသေးတယ်၊ ခြေထောက်မရှိတော့ရင်တောင် အနည်းဆုံး မင်းမှာဘဝတစ်ခုရှိနေသေးတယ်လေ "

ရှောင်ဝမ့်က ခါးသီးစွာငိုကြွေးပြီး လူတွေလည်း မလှုပ်မရှပ်ရပ်နေကြသည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now