Chapter 81 💔

3.4K 771 242
                                    

Wed, Sep 22, 2021

{ UNICODE }

စာအုပ်ဖတ်နေတဲ့တစ်ယောက်က တစ်ယောက်ယောက်ဝင်လာတာကို သတိထားမိသွားတော့ မော့ကြည့်လာပြီး၊ Headphone ချွတ်ကာ၊ ဒူးလှုပ်ပြီး‌တိုးတိုးပြောလိုက်သည်။

" ထတော့ "

" မပြီးသေးဘူးလေ "

ဖုန်းဆော့နေတဲ့သူက ခပ်တိုးတိုးနူးနူးညံ့ညံ့ ပြန်ပြောလိုက်သည်။

နောက်ခဏအတွင်း သူ့ဖုန်းအသိမ်းခံလိုက်ရမှ ညည်းညူရင်း ထလိုက်ရသည်။

ကုံးရင့်ရှန် မျက်မှောင်ကြုတ်သွားပြီး၊ ဒီယောက်ျားနှစ်ယောက်ကြားက လေထုအခြေမူမမှန်ကြောင်း ခပ်ရေးရေးသတိထားမိလိုက်သည်။

ရန်ရိအတွက် စုန့်ကျွီးဟန်ကို အနီးကပ်မြင်ရတာ ပထမဆုံးဖြစ်တော့ နည်းနည်း အံ့ဩသွားရသည်။

စုန့်ကျွီးဟန်အမေက တရုတ်-ဂျာမန် စူပါမော်ဒယ်တစ်ယောက်ဖြစ်ပြီး သူ့မှာ ဥရောပအဆင်း လေးပုံတစ်‌ပုံလောက် ပါရှိသည်။ မျက်ဆံတွေနဲ့၊ ဆံပင်အရောင်က အရမ်းနက်မှောင်သလို အသားက အရမ်းဖြူသည်။ မျက်နှာအသွင်အပြင်က အနောက်တိုင်းစတိုင် လေးနက်မှုနှင့် တရုတ်စတိုင် ဆန်းကျယ်မှုတို့ ပေါင်းစပ်ထားပြီး၊ သူ့ကို အလွန့်အလွန်ချောမောခန့်ညားသွားစေသည်။

ခပ်ဝဲဝဲလေသံရယ် ပျင်းရွဲရွဲအသံရယ် အတူဖြည့်စွက်ထားပြီး ထူးချွန်ပြောင်မြောက်သော တီထွင်ကြံဆမှုစွမ်းရည်နှင့် အလားတူ၊ စုန့်မီဒီယာရဲ့ မင်းသားတစ်ပါးဆိုတဲ့ နောက်ခံအသိုင်းအဝိုင်းက ပွဲဦးစထွက်ထွက်ချင်း အာရှတစ်ခွင်‌ အောင်မြင်ကျော်ကြားလာစေခဲ့သည်။

အားမာန်အပြည့်ဖြင့်လှပသော ဒီလူနဲ့ယှဉ်ရင်တော့ စုန့်ကျွီးဟန်ဘေးရှိလူက အနည်းငယ် သမားရိုးကျဆန်သည်။

တကယ်တော့၊ ထိုသူကလည်း အာရုံငါးပါးရှူမြော်ကောင်းအောင် ချောမောခန့်ညားပြီး၊ တည်ကြည်စနစ်ကျသည်။ အရပ်ရှည်ကာ သွယ်လျပြီး၊ အေးဆေးသော အမူအရာရှိပေမယ့် ဆံပင်ပုံစံကစလို့၊ အဝတ်အစားများအထိ၊ အလွန်ကို တည်ကြည်လေးနက်နေသည်။ ထိုလူနှစ်ယောက်က တစ်ဦးနဲ့တစ်ဦး အတော်ကွဲပြားပြီး၊ ရှေးဟောင်းလက်ဖက်ရည်ကြမ်း တစ်ခွက်နဲ့၊ ဝိုင်အပြင်းစားတစ်ခွက်တို့ ရင်ဆိုင်တွေ့သလိုပင်၊ ကွဲပြားသော်လည်း အတူရောယှက်နိုင်ပေမယ့် တစ်ယောက်ကိုတစ်ယောက် ‌နွေးထွေးကြင်နာနိုင်သလို၊ စေ့စပ်‌ဖြေလျှော့ပေးနိုင်ပုံလည်းပေါ်သည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now