Chapter 93

3.2K 837 70
                                    

Sun Oct 10, 2021

4 : 00 p.m.

=====

[ UNICODE ]

အချိန်တစ်ခုကြာ ပြင်ဆင်‌ပြီးနောက်၊ ကုံးရင့်ရှန် အဲ့ဒီ့နှစ်က ဗီဒီယိုအားလုံးကို ပြန်လည်ပြုပြင်ပြီးရုံတင်မကဘဲ၊ ဒီဇိုင်းပုံကြမ်း၊ ဓာတ်ပုံနှင့် မှတ်ဉာဏ်များကို အခြေခံကာ အိမ်သရုပ်ဖော် ပုံစံငယ်ကိုတောင် တည်ဆောက်ထားခဲ့ပြီးဖြစ်သည်။

ပြီးတော့ ရန်ရိကလည်း သူဌာနချုပ်က ရလာတဲ့ အချက်အလက်အားလုံးကို ယူဆောင်လာခဲ့သည်။

ချိုးယန် စားပွဲပေါ်က ပုံစံငယ်ကို လှည့်ပတ်ကြည့်လိုက်ပြီး၊

" ဒါက ငါ့မှတ်ဉာဏ်ထဲကပုံနဲ့ ထပ်တူနီးပါးကျတယ်၊ သေချာ ပြန်လုပ်ထားတာပဲ "

ကုံးရင့်ရှန် ခေါင်းငုံ့သွားပြီး၊ စကားမပြောဘဲ၊ သုံးထပ်တိုက်ဗီလာ ပုံစံငယ်လေးကိုသာ တိတ်တဆိတ် စိုက်ကြည့်နေသည်။

ကုံးရင့်ရှန်ကို စားပွဲတစ်ဖက်ကနေ ကြည့်ရင်း၊ ရန်ရိစိတ်ထဲ၌ သူတို့နှစ်ယောက် သိပ်မကြာခင်က ပြောခဲ့သောစကားများဖြင့် ဂယက်ရိုက်နေဆဲဖြစ်သည်။

သူ ယခုနကထက် ပိုတည်ငြိမ်လာပေမယ့်၊ သူပိုတည်ငြိမ်လာလေလေ၊ ပိုပြီးဝမ်းနည်းလာလေလေပင်။ သူ မျှော်လင့်ချက်မီးစကို မီးညှိပြီး သူတို့နှစ်ယောက် အနည်းဆုံး သူငယ်ချင်းဆက်ဆံရေးတော့ ပြန်တည်ဆောက်နိုင်မှာပဲဆိုတဲ့ အတွေးဝင်မိတိုင်း၊ ကုံးရင့်ရှန်က အမြဲတမ်း စကားလုံးတွေ၊ အပြုအမူတွေနဲ့ သူယုံမှားနေမိပြီဖြစ်ကြောင်း ပြောလာတတ်သည်။

အဲ့ဒီ့ညပြီးကတည်းက သူ ကုံးရင့်ရှန်ရဲ့မျက်လုံးထဲမှာ ဘယ်လိုလူစားမျိုး ဖြစ်လာခဲ့မှန်း စိတ်မကူးတတ်တော့ပေ။

ဒီအချိန်မှာ ကုံးရင့်ရှန်က တကယ်ကို ဆယ်ကျော်သက် ရမ်းရမ်းကားကား ကောင်လေးတစ်ယောက်နဲ့တူပြီး၊ ဟောမုန်းသက်ရောက်မှုအောက်မှာ လူကြီးတွေရဲ့လျှို့ဝှက်ချက်ကို စတင်စိတ်ဝင်စားလာသည်။ သူ(ကုံးရင့်ရှန်) စူးစမ်းချင်ပေမယ့်၊ စိုးထိတ်နေချိန်မှာ၊ သူ(ရန်ရိ)က သူမငြင်းဆန်သလို လျှို့ဝှက်ချက်တွေမဖော်ဘဲ၊ တာဝန်လည်း မယူရတာကြောင့် စူးစမ်းမှုအတွက် သင့်တော်သော အသုံးခံတစ်ယောက် ဖြစ်သွားရသည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now