Chapter 5

4.4K 799 21
                                    

Translator - Lynx | Editor - Kellow

[ Unicode Version ]

နောက်တစ်နေ့မနက်ခင်းတွင် ရန်ရိ ဟုန်းဝူပြည်သူ့လုံခြုံရေးဗျူရိုအား သတင်းပို့ရန်သွားလိုက်သည်။

၎င်းဌာနသည်က မီးသတ်ဌာနနှင့်မဝေး။ သူ့နယ်မြေအတွင်း မပါသော်လည်း အမြဲလိုလိုအဆက်အသွယ်ရှိသည်။ ဘယ်အချိန်များ ကုံးရင့်ရှန် ဒီကိုလာမလဲတော့သူမသိပေ။

ဌာနတွင် သူ့ကိုစုံစမ်းစစ်ဆေးရေးတွင် ကူညီရန်ခေါ်သော -စုန့်ပေ အားတွေ့သည်။

စုန့်ပေက အရွယ်ရပြီဖြစ်သော ရဲတစ်ယောက်ဖြစ်သည်။
သူသည်ယခု ဟုန်းဝူဌာနခွဲ ၊ ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန ၊တတိယ‌မြောက်တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်၏။ သူကားအလွန်ဖော်ရွေပုံပေါ်သည်။

ရန်ရိ လက်ဆန့်ပေးလိုက်သည်။ " စုန့် သွေ့ကျောင်* "

[ T/N : 队长 (Duì Zhâng-သွေ့ကျောင်)- Team leader ]

" ရန်သွေ့ကျောင် ၊ မင်္ဂလာပါ  ထိုင်ပါဦး "

နှစ်ယောက်လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး ရန်ရိ ထိုင်လိုက်သည်။ သူရုံးခန်းကိုဝေ့ကြည့်လိုက်ပြီး မှန်ကဖောက်မြင်ရကာ လူများဝင်ထွက်သွားလာနေသည်ကို မြင်နိုင်၏။

စုန့်ပေ ပြုံးကာပြောသည်။ " ဒီလိုပူပြင်းတဲ့နေ့ကြီးမှာ လာခိုင်းရတာ ခေါင်းဆောင်ကိုအားနာပါတယ် "

" ယဉ်ကျေးနေပါပြီ ၊ ပြောရရင်ခေါင်းဆောင်ကအကြီးပါ ရှောင်ရန် လို့ခေါ်ဖို့ပြောမလို့ပေမယ့် ခေါင်းဆောင်က ကျနော့်နာမည်လည်းသိပြီးသားဆိုတော့ ရှိုးတိုးရှန့်တန့်ဖြစ်ရတယ်ဗျာ "

စုန့်ပေ ရယ်သည်။ " အဲ့တာဆို.. ခေါင်းဆောင်လို့ပဲဆက်ခေါ်တာပေါ့ "

ရန်ရိပြုံးလျက်ပြောလိုက်သည်။ " ကျွန်တော်တို့ ဝန်ထမ်းခေါင်းဆောင် ပြောပုံအရတော့ ခုန်ချတဲ့အမှုပြန်လိုက်မှာဆို? "

" ဟုတ်တယ် အစကတော့ သတ်သေတဲ့အမှုအနေနဲ့ပိတ်လိုက်တော့မလို့ပဲ မကြာခင်ကမှစီးပွားရေးကိစ္စနဲ့ ပတ်သက်နေနိုင်တဲ့အခြေအနေတွေရတော့ မင်းကို စုံစမ်းစစ်ဆေးပေးဖို့ မေးချင်တာ နောက်ဆုံးတော့ အဲ့အချိန်ကအမှုကို မင်းပဲအနားလည်ဆုံးပဲလေ "

Flame Armor [ 火焰戎装 ]Where stories live. Discover now